Unicode
Translator: dounai
Editor: mantou"အဲ့ဒါနဲ့ ကျွန်တော်လည်း သေပုံသေနည်းမျိုးစုံကိုအပြည့်အဝနားလည်ထားရင် ကြိုတင်ကာကွယ်လို့ရအောင်ဆိုပြီး Final Destination စီးရီးတစ်ခုလုံးကြည့်ပြီးသွားပြီ" ကျန့်စစ်ကဆိုသည်။
ကျိုးပိုင်က သူ့ပါးစပ်ထဲချယ်ရီခရမ်းချဉ်သီးတစ်လုံး သွပ်သွင်းလိုက်တော့၏။
‘Final Destination’ ငါးကားစလုံးပြီးသွားသည့်အခါ ကျန့်စစ်မှာ ရက်အနည်းကြာသည်အထိ အကြောက်လွန်နေခဲ့၏။ သူဖုန်းအားသွင်းရင်းဓာတ်လိုက်မည်ကိုစိုးရိမ်သည်၊ လမ်းသွားရင်း ဆိုင်းဘုတ်ပြုတ်ကျပြီးပိသေမည်ကိုစိုးရိမ်သည်၊ ကုန်တင်ကားပေါ်မှစတီးပိုက်များဖြင့်ထိုးမိပြီးသေမည်ကိုပင်စိုးရိမ်ပြန်သည်... သူခေါင်းထဲ တဝဲဝဲလည်နေသောအနှီသေနည်းအဖုံဖုံတို့မှာ လက်တွေမှာတော့ဖြစ်မလာခဲ့ချေ။
တစ်ပတ်ကုန်လွန်ပြီးသည့်အခါ သူလည်းအိုင်ဒီယာများလုံးဝကုန်သွားပြီ။
တော်လောက်ပြီ ရုပ်ရှင်ထဲကအရာအားလုံးအလိမ်အညာတွေ၊ နောက်ပြီး ကျိုးပိုင်ရဲ့ 'မိန်းမရကံခေ'တယ်ဆိုတာလည်း ဟုတ်မနေဘူး။
တနည်းအားဖြင့် ကျန့်စစ်ဒီအရာမှ အကျိုးအမြတ်ရသည်လေ၊ ငွေရေးကြေးရေးလည်းအဆင်ပြေလာသည့်အပြင် ရုပ်ဖြောင့်သည့်ဘဲကြီးတစ်ဦးပါအစစ်ရလိုက်သေးသည်။
Zawgyi
Translator: dounai
Editor: mantou"အဲ့ဒါနဲ႕ ကြၽန္ေတာ္လည္း ေသပုံေသနည္းမ်ိဳးစုံကိုအျပည့္အဝနားလည္ထားရင္ ႀကိဳတင္ကာကြယ္လို႔ရေအာင္ဆိုၿပီး Final Destination စီးရီးတစ္ခုလုံးၾကည့္ၿပီးသြားၿပီ" က်န့္စစ္ကဆိုသည္။
က်ိဳးပိုင္က သူ႕ပါးစပ္ထဲခ်ယ္ရီခရမ္းခ်ဥ္သီးတစ္လုံး သြပ္သြင္းလိုက္ေတာ့၏။
‘Final Destination’ ငါးကားစလုံးၿပီးသြားသည့္အခါ က်န႔္စစ္မွာ ရက္အနည္းၾကာသည္အထိ အေၾကာက္လြန္ေနခဲ့၏။ သူဖုန္းအားသြင္းရင္းဓာတ္လိုက္မည္ကိုစိုးရိမ္သည္၊ လမ္းသြားရင္း ဆိုင္းဘုတ္ျပဳတ္က်ၿပီးပိေသမည္ကိုစိုးရိမ္သည္၊ ကုန္တင္ကားေပၚမွစတီးပိုက္မ်ားျဖင့္ထိုးမိၿပီးေသမည္ကိုပင္စိုးရိမ္ျပန္သည္... သူေခါင္းထဲ တဝဲဝဲလည္ေနေသာအႏွီေသနည္းအဖုံဖုံတို႔မွာ လက္ေတြမွာေတာ့ျဖစ္မလာခဲ့ေခ်။
တစ္ပတ္ကုန္လြန္ၿပီးသည့္အခါ သူလည္းအိုင္ဒီယာမ်ားလုံးဝကုန္သြားၿပီ။
ေတာ္ေလာက္ၿပီ ႐ုပ္ရွင္ထဲကအရာအားလုံးအလိမ္အညာေတြ၊ ေနာက္ၿပီး က်ိဳးပိုင္ရဲ႕ 'မိန္းမရကံေခ'တယ္ဆိုတာလည္း ဟုတ္မေနဘူး။
တနည္းအားျဖင့္ က်န႔္စစ္ဒီအရာမွ အက်ိဳးအျမတ္ရသည္ေလ၊ ေငြေရးေၾကးေရးလည္းအဆင္ေျပလာသည့္အျပင္ ႐ုပ္ေျဖာင့္သည့္ဘဲႀကီးတစ္ဦးပါအစစ္ရလိုက္ေသးသည္။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}
Short Storyထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode