Translator: dounai
Editor: mantouကျန့်စစ်တစ်ယောက်ညလုံးပေါက်ဟိုလှိမ့်ဒီလှိမ့်လုပ်နေ၏။ ပြီးနောက်မှာတော့ သူ့သဘောထားကိုပြောပြဖို့ရန် ကျိုးပိုင်ထံဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်သည်။
နောက်တစ်ရက်တွင် ကျန့်စစ်ကကျိုးပိုင်ထံဖုန်းမခေါ်ခင်
စာရွက်တစ်ရွက်ပေါ်မှာ သူရက်ပြောင်းချင်တဲ့အကြောင်းပြချက်တချို့ကိုစာရင်းလုပ်လိုက်၏။ဖုန်းကအကြာကြီးမြည်နေပြီးသူ့ဘာသာကျမသွားခင် တစ်ဖက်ကကိုင်လိုက်သည်။ ဖုန်းလက်ခံသူဖက်မှဩရှရှအသံမှာပြန့်လွင့်လို့လာပြီး ကျိုးပိုင်ရဲ့ပုံမှန်အသံနှင့်မတူပေ "ဟယ်လို? ဘာကိစ္စရှိလို့လဲ?"
ကျန့်စစ်က စကားမပြောခင်စိတ်လှုပ်ရှားစွာတံတွေးမျိုချလိုက်ပြီး "နှောင့်ယှက်မိတဲ့အတွက် တောင်း... တောင်းပန်ပါတယ် မစ်စတာကျိုး ကျွန်တော်ကျန့်စစ်ပါ…"
"သိတယ်လေ၊ မင်းကိုဘာကိစ္စရှိလို့လဲလို့မေးနေတာ"
"အိုးး အိုး အဲ့ဒါကလေ၊ သဘက်ခါ လက်ထပ်မှတ်ပုံတင်မယ်လို့ မနေ့ကပြောခဲ့တယ်မို့လား၊ အဲ့ဒါဆယ့်ခုနှစ်ရက်နေ့ဟုတ်တယ်နော့? ကျွန်တော်ပြက္ခဒိန်ကြည့်လိုက်တော့ မနက်ဖြန်ကမသင့်တော်ဘူးတဲ့။ ကျွန်တော်တို့ရက်ပြောင်းရအောင်လား? နှစ်ဆယ်ရက်နေ့ဆိုဘယ်လိုလဲ?"
"မရဘူး"
"အဲ မစ်စတာကျိုးရေ ကျွန်တော်ပြောတာနားထောင်ပါအုံး။ ဘာပဲဖြစ်ဖြစ်လက်ထပ်မှတ်ပုံတင်ရမှာပဲမဟုတ်လား? ပြက္ခဒိန်မှာရေးထားတာ ကျွန်တော်တို့တွေမင်္ဂလာနေ့အတွက် ရက်ကောင်းရက်မြတ်မရွေးရင် စီးပွားရေးကိုဆိုးဆိုးရွားရွားထိခိုက်လိမ့်မယ်တဲ့"
"မရဘူးလို့ပြောနေတယ်လေ! မနက်ဖြန်တစ်ရက်ပဲအားတယ်။ နောက်လာမယ့်စီမံကိန်းကြောင့် ပိုအလုပ်ရှုပ်ဖို့ပဲရှိတော့တယ်။ ပြီးတော့ အလုပ်ကိစ္စနဲ့ပြည်ပခရီးကသွားရအုံးမယ်။ ဘယ်နားက အချိန်သွားယူရမှာလဲ!"
"... အိုး" သူပြင်ဆင်ထားတဲ့ ဗေဒင်တွေ၊ ၁၂ရာသီခွင်တွေက အလုပ်မဖြစ်ဘူးဆိုတာကို ကျန့်စစ်သဘောပေါက်လိုက်သည်။ သူ့မှာအကြောင်းပြချက်မည်မျှရှိပါစေ ဥက္ကဌကြီးရဲ့"မရဘူး" ဆိုသည့်အပေါ်ကိုတော့မလွန်ဆန်နိုင်ချေ။
ESTÁS LEYENDO
Jiang Jiu [ဘာသာပြန်] {Completed}