43

5.5K 883 16
                                    

Unicode

ကျိုးပိုင်သည် ဆေးရုံခုတင်ခေါင်းရင်းကိုမှီရင်း သူ့လက်ထောက်အားရှင်းပြနေပြီး ကျန့်စစ်၏အသားအ‌ရောင်ကြောင့် ထိတ်လန့်သွားသည်။ ချက်ချင်းထထိုင်ကာ “ဘာဖြစ်တာလဲ၊ တစ်ခုခုဖြစ်ထားတာလား?"

ထိုဟာက ကျန့်စစ်ပြောရမည့်စကားပင်ဖြစ်သော်လည်း ကျိုးပိုင်က ဦးပြီးပြောလိုက်သောကြောင့် ကျန့်စစ်တစ်ယောက် မည်သို့ပြန်ချေပရမည်မသိတော့။

"ကျွန်တော်.. ခင်ဗျား.." ကျန့်စစ်က ခက်ခက်ခဲခဲအသက်ရှူသွင်းပြီး "အဆင်ပြေရဲ့လား? ဘာလို့ရုတ်တရက်ကြီး ဆေးရုံတက်ရတာလဲ?"

ကျိုးပိုင်သည် လက်ရှိအခြေအနေထံပြန်ရောက်သွားပြီး၊ ဒါဟာ သိပ်ကိုသိသာလှသည်မဟုတ်လား?

ကျန့်စစ်က သူ့ကိုစိတ်ပူနေသည်။ သူတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေ၍ ဖြူဖျော့နေခဲ့တာပင်။

ထိုအရာကို သတိထားမိသွားကာ ကျိုးပိုင်၏ခံစားချက်တို့ ဆယ်ဆ ပိုကောင်းလာသည်။ "ကိုယ်က အဆင်ပြေပါတယ်။ ဒီမှာလာထိုင်ပြီး ရေသောက်လိုက်အုံး" ဟု ခုတင်ကိုပုတ်ရင်း ပြောလိုက်သည်။

ကျန့်စစ်သည် လက်ထောက်ထံမှ ရေတစ်ဖန်ခွက်ယူကာ တစ်ငုံခန့်သောက်ပြီး "ခင်ဗျားကဘာဖြစ်လို့လဲ" ဟုမေးလိုက်သည်။

"ဘာမှ မစိုးရိမ်ရဘူး၊ အအေးမိတာကနေ နမိုးနီးယားဖြစ်သွားလို့ပါ"

အသက်အန္တရာယ်ရှိသည့်ရောဂါမဟုတ်မှန်းသိရသဖြင့် ကျန့်စစ် စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျိုးပိုင်သည် ကျန့်စစ်၏မျက်နှာ အရောင်ပြန်တက်လာသည်ကိုသတိပြုမိပြီး အကြိမ်အနည်းငယ် ချောင်းဟန့်ရင်း "ဒါပေမဲ့ ငါ့ရင်ဘတ်ထဲ အသက်ရှုကျပ်သလိုခံစားနေရတယ်"

လက်ထောက်သည် အရိပ်အကဲနားလည်သူဖြစ်၏။ စာရွက်စာတမ်းများကို သေချာစွာသိမ်းဆည်းပြီးသည်နှင့် ဆင်ခြေတချို့ပေးလိုက်သည်။ အရေးပေါ်လိုအပ်သည့် ဥက္ကဋ္ဌလက်မှတ်လည်း ထိုးပြီးပြီ၊ သူဆက်‌ပြီး‌ယောင်လည်လည်လုပ်နေမယ်ဆိုရင် သူတို့ရဲ့ချစ်ကြည်နူးတစ်တီတူးမှုကြောင့် သူ့မျက်စိကွယ်သွားလိမ့်မည်‌လေ။

Jiang Jiu [ဘာသာပြန်] {Completed}Wo Geschichten leben. Entdecke jetzt