27

6.6K 1K 1
                                    

Unicode

Translator: dounai
Editor: mantou

ကျန့်စစ်မှာ တစ်ခဏမျှမည်သို့တုံ့ပြန်ရမည်မသိခဲ့။ နှုတ်ဆက်သည့်အနေဖြင့်ခေါင်းညိတ်ဟန်ပြုကာ ပုခုံးပေါ်တင်ထားသော တဘက်ကိုဆွဲချ၍ အခန်းထဲသို့အစွမ်းကုန်ပြန်‌ပြေးလာခဲ့လိုက်သည်။ ကြည့်ပျော်ရှုပျော်ရှိသောအဝတ်တချို့ကိုလဲပြီးမှ အခန်းထဲကပြန်ထွက်လာသည်။

ချက်ချင်းပင် နောင်တရသွား၏။

ကျိုးပိုင်သည်ဆိုဖာပေါ်မှသူ့ဘက်သို့ကျောပေးထား၍ နူးညံ့သေးသွယ်သောအလှလေးရဲ့လက်ချောင်းများမှာ သူ့ရင်ဘတ်ပေါ်တွင်ရှိ‌နေ၏။ သူမရဲ့အပေါ်ပိုင်းမှာသူ့အပေါ်ကပ်နေပြီ ဖွံ့ထွား‌သောရင်နှစ်မွှာကို ကျိုးပိုင်ရဲ့မျက်စိရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွားပြထားသည်။

ကျိုးပိုင်က ဘေးသို့ရွှေ့ကာ ရင်ဘတ်ပေါ်မှလက်ချောင်းများကိုဆွဲဖယ်ရင်း အလှလေးအား - ကျန့်စစ်ရဲ့နားထဲ မကြားနိုင်သည့် - တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောလိုက်ရာ အလှလေးရဲ့မျက်နှာ ပျက်ယွင်းသွား၏။ တမင်တကာ ခါးကိုရှေ့သို့ကိုင်း၍ သူ့နားနားကပ်ခါ တီးတိုးပြောလိုက်သည့်အခါ နက်ပြာရောင်ကြိုးသိုင်းစကပ်မှာ သူမရဲ့ခန္ဓာကိုယ်ကိုပို၍ပေါ်လွင်လာစေပြီး 'တစ်ဖက်သားအား ဆာလောင်မှုကိုမတွန်းလှန်စေနိုင်သည့် အလှပဂေး' ဟူသည့် ပုံပန်းတို့ ထုတ်လွှတ်လျှက်ရှိသည်။

အခန်းထဲနေလိုက်တာပဲ...ကောင်းမလား?

ကျန့်စစ်သည် အလွန့်အလွန်ကကျိုးကကြောင်အခြေအနေကြားရောက်နေ၏။ အကယ်၍ သူတို့ကအတူနေအခန်းဖော်မျှသာဖြစ်ပါက ချက်ချင်းပင်အခန်းထဲပြန်ဝင်၍ နားပိတ်ကာအပြင်မှ အချစ်ခင်းနေသည်ကို လျစ်လျူရှုထားမည်၊ ဒါမှမဟုတ် ထိုအနေအထားလေးကိုအနှောင့်အယှက်မဖြစ်အောင် ပိုက်ဆံအိတ်ဆွဲကာ ဟိုတယ်မှာတစ်ညလောက်အချိန်ဖြုန်းလိုက်မည်။ သို့သော်ငြား သူနှင့်ကျိုးပိုင်ပတ်သက်မှုအရ ထိုသို့လုပ်ရန်မသင့်သလိုပင်။

အဲ့ဒါထက် သူ့ရင်ဘတ်ထဲမွန်းကျပ်နေသလိုခံစားနေရပြီး ရှောင်လည်းမပေးချင်ခဲ့။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now