38

6.3K 992 54
                                    

Unicode

အပြစ်သားကိုမေးခွန်း‌မေးရန် အဆင်သင့်အနေအထားတွင် စကားလုံးတို့မှာလျှာဖျားပေါ်ရောက်နေပြီ။ သို့သော် ကျိုးပိုင်မှာ ပြောထွက်ရန်ခက်ခဲနေသည်ကိုတွေ့လိုက်ရ၏။

သူဘာလို့ သဝန်တိုနေတဲ့ မိန်းမနဲ့တူနေရတာလဲ?

သို့တိုင် ကျန့်စစ်က တည်ငြိမ်စွာခေါင်းညိတ်ရင်း "ခင်ဗျား‌အတွေးများနေပုံပဲ၊ ဘာဖြစ်တာလဲ?" သူ တစ်ရှူးအနည်းငယ်ကိုထုတ်ကာ ကျိုးပိုင်ရဲ့ဝတ်စုံကိုသုတ်ရင်း ရေတို့ကိုတတ်နိုင်သမျှစုပ်အောင်လုပ်နေ၏။

ဒီဝတ်စုံကို ဂရုမစိုက်ဖို့ပြောပြီးပြီလေ၊ ဘာလို့ဒီလောက် ဖီဆန်‌နေရတာလဲဟ!

ကျိုးပိုင်သည် သူ့ခန္ဓာကိုယ်တစ်ခြမ်းလုံးတစ်ရှူးဖြင့်ဖိသုတ်နေသည်ကို ရပ်ကြည့်နေပြီး... ရှောင်ဖယ်မှုလည်းမပြုခဲ့။

"မင်း အရင်က မနက်စာပုံတွေတင်တယ်လေ၊ ဘာလို့ အဲ့လိုတင်တာလဲ?" သူနောက်ဆုံးမှာ ပြောထွက်သွားသည်။

"အမ်?" ကျန့်စစ်သူဘာပြောနေသည်ကို လိုက်၍မမှီ။ သူဘာလို့ ရုတ်တရက်ကြီး မနက်စာအကြောင်းထည့်ပြောနေရတာလဲ?

"ကိုယ်က အဲ့ဒါကိုယ့်ကို မနက်စာစားဖို့သတိပေးတယ်လို့ အမြဲထင်ခဲ့တာ၊ ဒါပေမဲ့ မင်းသူငယ်ချင်းရဲ့ဖုန်းကိုကောက်ရတော့မှ နားလည်မှုလွဲနေမှန်းသိလိုက်တာ" ကျိုးပိုင်ကဆက်ပြောသည် "မင်းကိုယ်နဲ့မနက်စာအတူစားရတာ ပျင်းဖို့ကောင်းပြီးခံတွင်းပျက်စေလို့လား? ကိုယ့်ကိုပြောပေါ့၊ ကိုယ်မင်းကို အပြင်ထွက်စားတာကို မတားပါဘူး"

ဤတစ်ကြိမ်တွင် ကျန့်စစ်သည် အခြေအနေအလုံးစုံကို နောက်ဆုံးသဘောပေါက်သွားသော်လည်း ယုံဖို့ရန်ခက်ခဲနေကာ - ကျိုးပိုင်ကစိတ်ကောက်နေတာလား?

ဒါလေးအတွက်နဲ့လေ?

"မင်း အဲ့ဒီမျက်နှာထားကြီးကဘာလဲ?" ကျိုးပိုင် သူ့အား ဘုကြည့်ကြည့်လိုက်၏။

"အာ၊ အဲ့ဒါ သေချာပေါက်ကို ခင်ဗျားကို မနက်စားဖို့သတိပေးတာမဟုတ်ဘူးပေါ့..."

ကျိုးပိုင်ရဲ့အမူအရာမှာ တဖန်မဲမှောင်သွားပြန်၏။

သူ့ဖြေရှင်းချက်က မရှင်းမလင်းဖြစ်နေသည်ဟုယူဆကာ ကျန့်စစ်သည် တစ်ချက်စဉ်းစားပြီး သူ့ဖုန်းကိုကျိုးပိုင်ထံပေး၍ သူ့ရဲ့ Moment ကပိုစ့်အနည်းငယ်ကိုဆွဲပြကာ "ကျွန်တော် အဲ့ဒီဆိုင်တွေကိုမှတ်မိအောင် ပုံ‌တွေတင်ထားတာ၊ နောက်ပြီးတော့…"

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now