Unicode
ကျိုးပိုင်သို့
မင်္ဂလာပါ မစ္စတာကျိုးရေ၊
ခင်ဗျားဒီစာကိုဖတ်နေမှာကိုဝမ်းမြောက်မိပါတယ်။ တစ်စုံတစ်ယောက်အတွက် ရည်းစားစာရေးတာ ပထမဆုံးအကြိမ်ဖြစ်လို့ နည်းနည်းလည်းစိတ်လှုပ်ရှားမိတယ်၊ နောက်ပြီး ဒီဘောပင်က မင်နည်းနည်းယိုနေသေးတယ်။ ခင်ဗျားစိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။ အမှားအယွင်းတွေ့ရင်လည်း ပြင်ဆင်ပေးဖို့တောင်းဆိုပါတယ်။
အမ်.. ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့တွေ အစပိုင်းမှာ အရာရာခက်ခဲကြမ်းတမ်းပြီး ငြီးငွေ့ဖွယ်ဖြစ်ခဲ့ပေမဲ့ ကျွန်တော့်ဆန္ဒတွေအလုံးစုံပြည့်ဝခဲ့တာပါပဲ။ ကျွန်တော့်ကို အကျပ်အတည်းထဲကနေဆွဲခေါ်ပေးပြီး နေ့စဉ်နေ့တိုင်းကို မျှော်လင့်ချက်တွေနဲ့ရှင်သန်စေခဲ့တယ်။
ခင်ဗျားတော့ အဲ့ဒီနေ့ရက်တွေကို ဘယ်လိုမှတ်မိနေမလဲဆိုတာ မသိပါဘူး။
ပြန်လှည့်ကြည့်လိုက်ရင် အဲ့ဒီအချိန်တွေက ဖော်ညွှန်းပြလို့မရနိုင်အောင် ပျော်ရွှင်ကြည်နူးမှု၊ ကျေးဇူးတရားတို့နဲ့ပြည့်နေပြီး ကျွန်တော့်ဘဝထဲ ခင်ဗျားရောက်လာတဲ့အတွက်ကြောင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ အရာအားလုံးက ပိုပြီးတောက်ပလာခဲ့တယ်။
ဒါတွေက ခင်ဗျားရဲ့ရုပ်ရည်၊ ချမ်းသာကြွယ်ဝမှုနဲ့ အများကြီးသက်ဆိုင်နေတယ်ဆိုတာကိုလည်း မငြင်းပါဘူး။ ကံကောင်းစွာပဲ ခင်ဗျားက အရပ်ရှည်တယ်၊ ချမ်းသာတယ်၊ ပြီးတော့ ချောတယ်လေ။ မဟုတ်ရင် ကျွန်တော်လည်း ခင်ဗျားရဲ့စည်းမျဥ်းတွေကို ခြွင်းချက်မရှိ သဘောတူခဲ့မိမှာမဟုတ်ဘူးပေါ့။ ဟားဟားဟား
ဟုတ်ပါပြီ၊ ခင်ဗျားမရယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။
နောက်ပြီးတော့ ခင်ဗျားက ကြင်နာတတ်တဲ့သူဆိုတာကိုလည်းသိပါတယ်။ တခြားသူတွေက ကျွန်တော့်လိုမခံစားတတ်တာပဲဖြစ်ပါလိမ့်မယ်။ သူတို့က ခင်ဗျားကို ပေါင်းသင်းရခက်တဲ့၊ စိတ်တိုလွယ်တဲ့၊ ရိုမန်တစ်မဆန်တဲ့၊ ငြီးငွေ့စရာလူလို့ထင်ရင်ထင်နိုင်မယ်...။ တကယ်တမ်းတော့ ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲခံစားရပါတယ်။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}