Unicode
"မင်းနာမည်က သာကီသွေးနော်"
"ဟုတ်ဗျ"
"အင်းအသက်က ၂၂ မဆိုးပါဘူး "
"..."
"နေပါဦး မင်းက 3rd yr mathနော် နောက်တစ်နှစ်ဆိုဘွဲ့ရပြီကို ကျောင်းကဆက်တက်မတက်."
"ကျွန်တော် တစ်နှစ်နားမှာပါ"
"Aww aa နှမြောစရာကြီးကွာ"
ထိုလူပြောသောနှမြောစရာကြီးက ပညာရေးကိုပြောသည်လား လူကိုပြောသည်လားမသိပါ။
"ဟို စိတ်မရှိနဲ့ငါ့ညီ ကိုယ်ရေးကိုယ်တာစပ်စုတာတော့မဟုတ်ပေမယ့် မင်းလိုလူရည်သန့်လေးက ဘာလို့.. ဘာလို့ကွာ အင်း.. ဒီအလုပ်ကိုလာလျှောက်တာလဲ ဒါကမေးရမယ့်မေးခွန်းထဲပါနေလို့ "
ဒါ ဒီနေ့ ကျွန်တော့်ရဲ့တွေဝေပြီးအနည်းငယ်ရှက်နေသေးသောစိတ်တို့ကိုယတိဖြတ်ဖြတ်ချလိုက်သောစကားပင်ဖြစ်၏။ ဟုတ်သည်ကျွန်တော်က လိင်ကျွန်ဖြစ်ဖို့မွေးဖွားလာတာမဟုတ်ပါ။ ဒါပေမယ့်ဘဝကခါးသက်စေသည်။
"အင်း အကိုမေးတယ့်မေးခွန်းမျိုးကျွန်တော်ကိုယ့်ကိုကိုယ်ခနခနမေးကြည့်ပြီးသားပါ ကျွန်တော်ကသိက္ခာကိုငွေနဲ့လဲလိုက်ရတယ်ပဲဆိုပါတော့အဟက် ."
အဲ့နောက်မှာတော့ ကျွန်တော့ရဲ့အခြေနေကို
ဖွင့်ဟပြောမိတော့သည်။"ကျွန်တော်ကတစ်ဦးတည်းသောသားပါ။ကျွန်တော့မိဘတွေကမချမ်းသာပေမယ့်မဆင်းရဲကြပါဘူး။သားတစ်ယောက်ထဲရှိလို့ကျွန်တော့်ကိုတုန်နေအောင်ချစ်ကြပါတယ်။ တကယ်တော့ဖေဖေနဲ့မေမေက အရမ်းကြိုးစားကြတယ့်လင်မယားပါ။မိဘမဲ့ကျောင်းမှာတူတူတက်လာပြီး အရွယ်ရောက်လာတော့လက်ထပ်ခဲ့တယ်။၂ယောက်လုံးက အလုပ်ကြိုးစားပြီး ရှာဖွေစုဆောင်းခဲ့ကြတယ်။အိမ်ထောင်သက် ၅နှစ်မှာမှကျွန်တော့်ကိုမွေးဖွားခဲ့တာလေ။
နောက်ပိုင်းကလေးထပ်မရတော့ ကျွန်တော်တစ်ယောက်ထဲဆိုပါတော့။ မိဘကအလိုလိုက်တော့ကျွန်တော့်ဘဝကပြည့်ပြည့်စုံစုံမကြောင့်မကြနဲ့အေးဆေးဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်ပထမနှစ်မှာ ဖေဖေရဲ့ကျန်းမာရေးနည်းနည်းချို့လာတယ်။ တကယ်တော့အခြေနေဆိုးနေခဲ့တာ ။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး