အခုဆိုမမဘယ်မှမသွားဘဲဒါဏ်ရာကြောင့်အိမ်အောင်းနေရတာ ၁ပါတ်ပြည့်တော့မည်။ အတိအကျဆို၆ရက်။ ကျွန်တော်လည်းဘယ်မှမသွားဘဲမမနားမှာသာနေပေးဖြစ်သည်။ ကျောင်းကိုတောင်မသွားချင်ပါ။ ဒါမယ့်မမကလည်းအတင်းသွားခိုင်းတာကြောင့်အရေးကြီးတယ့် Tutoဖြေရမယ့်နေ့တွေလောက်သာသွားဖြစ်သည်။ ဒါတောင်အဲ့တချိန်လောက်သွားတတ်တာဖြစ်သည်။ ဖက်တီးနဲ့ဟိုလင်မယားကတော့ ကျွန်တော့်အားနားမလည်ကာ သံသယတွေဝင်လာပြီးနည်းနည်းအစ်အောက်ချင်ပေမယ့် နောက်ဆုံးသူတို့ကလက်မြောက်သွားကြရသည်ချည်း။
ဟိုနေ့ကဆိုကျွန်တော်တော်တော်လန့်သွားတာဖြစ်သည်။ကျွန်တော့်ကြောင့်သူမနာကျင်တာကိုမြင်ရတာ ရင်ထဲတွင်ပင်တဆစ်ဆစ်နဲ့နာကျင်ရသည်။ ဒါကအချစ်ဆိုရင်တော့ ကျွန်တော်သူမကိုချစ်နေမိတာဖြစ်နိုင်ပါသည်။ သတိရလာသောသူမရဲ့လက်အားဆုပ်ကိုင်ပြီး ယောက်ျားတန်မဲ့ဝမ်းနည်းမျက်ရည်ကျရသည်။ သူမနဲ့ယှဥ်ရင်တော့ ကျွန်တော်ကအငယ်ပီပီ ပျော့ညံ့ကာသူမလိုသွေးအေးမမာကျောနိုင်ပါ။
ကျွန်တော့်ဆံပင်တို့အားဖွဖွထိရင်းဒါဏ်ရာနာကျင်မှုကြားထဲက ကျွန်တော့်ကြောင့်မဟုတ်ပါဘူးလို့သူမကနှစ်သိမ့်ပေးပါသေးသည်။ ဒီလိုမိန်းကလေးဆီမှာ ကျွန်တော်ပျော်ဝင်မိသွားတာလည်း ကျွန်တော့်အပြစ်မဟုတ်ပါစေနဲ့ဟုဆုတောင်းမိသည်။
သူမရဲ့ဒါဏ်ရာကြောင့် သူမရဲ့ကိစ္စအဝဝကိုကျွန်တော်ကကူညီပေးခွင့်ရတာကြောင့်ရယ် သူမနားပိုရှိခွင့်ရတာကြောင့် တခါတလေ ကျွန်တော့်darksideက ဒါကိုပဲကျေနပ်မိသယောင်ယောင်။
"ကီရေ" လို့သူမနှုတ်ကခေါ်စရာမလိုအောင်ကိုသူမနားမှာတောက်တဲ့ကပ်သလိုတွယ်ကပ်မိတာ။ ကျွန်တော်ကပ်လွန်းလို့သူမက
"ကီရယ်ဒီနေ့ကနည်းနည်းအိုက်တယ်နော်"လို့မသိမသာနှင်ထုတ်ချင်သောစကားတို့ဆိုရင်တောင်ကျွန်တော်ကလူယုတ်မာအပြုံးနဲ့ airconခလုတ်ကိုနှိပ်ပြီးသားပင်။သူမကလည်းတကယ်အကြောတင်းတယ့်သူမျိုးပင် ။ တခါတလေဆေးမသောက်ချင်ဘူးတယ့်။ ကြည့်ဦး ဂျစ်ကျပုံများ။ နောက်ဆုံး ကျွန်တာ်အကြမ်းစားနည်းနဲ့ခြိမ်းခြောက်မှသူမက ကြောက်ကြောက်ရွံ့ရွံ့သောက်ရှာတယ်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး