Unicode
"တို့ဒီနေ့အောင်မြင်သွားပြီသိလား ကီ "
ဟုဆိုကာသူမကကျွန်တော့်ကိုဖက်လိုက်ကာ သူမရင်ထဲကအပျော်တွေဝေမျှပေးနေပါတယ်။ ဒါပေမယ့်တင်းကြပ်စွာဖက်ထားပြီး ကိုယ်ကပျော်ရွှင်မှုကြောင့်ခုန်ပေါက်ချင်နေတယ့်သူမကြောင့်ကျွန်တော့်လက်ထဲကိုင်ထားတယ့်အအေးခွက်ပင်တုန်ချင်ချင်။ ထို့အတူသူမနဲ့ထိတွေ့နေရသောကျွန်တော့ နှလုံးသားတည်ရှိရာ ခန္ဓာကိုယ်သည်လည်း...။
:အဟား ကျွန်တော်ရူးနေပြီလား:
သူမကကိုယ်ချင်းပြန်ခွာလိုက်ပြီး ကြောင်တောင်တောင်ဖြစ်နေသည့်ကျွန်တော့်ကိုကြည့်ကာ ခုမှသတိပြန်ရပုံနဲ့
"ဆောရီး တို့အပျော်လွန်သွားလို့"
သူမကနောက်ကဆံပင်တိုနှံ့နှံ့ကိုဖွဖွပွတ်လိုက်ရင်းပြောသည်။ ဘာလဲ ဒါကသူမရှက်ရင်လုပ်တယ့်အပြုမူလား။
"ရပါတယ်မမ ဒီမှာမမအတွက် သိပ်တောင်မအေးတော့ဘူး"
ကျွန်တော်ကမ်းပေးတယ့် အအေးခွက်ကိုသူမကယူလိုက်ပြီး မော့သောက်လိုက်ကာ
"ကျေးဇူးပဲ"
ဟုပြောပြီးကျွန်တော့လက်ထဲခွက်ပြန်ရောက်လာပါသည်။
ခုချိန်ထိ ကျွန်တော်တို့၂ယောက်လုံးအိမ်ရှေ့မှာပင်။ သူမက
"လာ ကီ ဒီမှာတို့ကိုလာကူဦး"
ဟုဆိုကာ ကားဆီပြန်ချဥ်းကပ်သွားပြီး ကားနောက်ဖုံးတံခါးကိုဆွဲဖွင့်လိုက်ပါသည်။ ထိုထဲမှာတော့ အိတ်တချို့ရှိနေလေ၏။ အားလုံးကfankyတံဆိပ်တွေချည်းပင်။
_________
"ဒါတွေအကုန်မင်းအတွက်"
"ဗျာ"
သူမကကျွန်တော့်အဖြေကိုသဘောတကျရယ်လိုက်ရင်း ဧည့်ခန်းထဲမှာချထားတယ့် limited ဒီဇိုင်း အိတ် ၃၀ကိုတချက်ဝေ့ကြည့်ရင်း
"တို့ပြောထားတယ်လေ တို့ကိုအအေးဖျော်တိုက်တယ့်အတွက်မင်းကိုနောက်မှတခုခုပေးမယ်လို့ အဲ့အတွက်ပေးတာလို့သဘောထားလိုက်"
"ဒါပေမယ့်မမ ဒီလောက်အများကြီးကျ တော့.."
သူမကလက်ပိုက်ရပ်နေရင်းမှ ရုပ်ပြန်တည်သွားရင်း
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး