"မမလေ မင်းကိုတကယ်အရမ်းလွမ်းနေခဲ့တာကီ သိရဲ့လား"
"ဒါနဲ့များတောင်ကျွန်တော့်ကိုအကြာကြီးပစ်ထားရက်တယ်လား မမရာ"
သူမကကျွန်တော့်မျက်နှာအားဆွဲယူပါ၏။ ထို့နောက်ကျွန်တော့်မျက်နှာအား တစိမ့်စိမ့်ကြည့်ကာ ကျွန်တော့်မျက်ရည်စတို့အားသုတ်ဖယ်၏။
"မွချ်"
သူမကပြုံးကာ ကျွန်တော့်ပါးပြင်အားမွှေးကြူလိုက်ပါ၏။ ဒီမမကတော့လေ တကယ်ပဲကျွန်တော့်ရဲ့စိတ်ကိုလုံးဝသိနေသည့်သူလိုမျိုးပါပဲ။
"မမကိုစိတ်မဆိုးနဲ့တော့နော် မမဘယ်တော့မှမင်းဆီကထွက်မသွားတော့ဘူး မမမင်းကိုအရမ်းချစ်တယ်ကီ"
ထို့နောက်သူမကကျွန်တော့်ရင်ခွင်ထဲခေါင်းတိုး၏။ သူမရဲ့ဆံပင်တွေကရှည်လျားနေကာ ကျောလယ်လောက်ရှိနေပြီဖြစ်၏။ သူမရဲ့ဆံသားတို့အားခပ်ဖွဖွမွှေးကြူတော့ လတ်ဆတ်သောမွှေးရနံ့ကိုရ၏။
"ကျွန်တော်လည်းမမကိုအရမ်းချစ်တယ် နောင်ဘယ်တော့မှမမကျွန်တော့်ဆီကထွက်သွားလို့မရတော့ဘူး မမကို..."
ကျွန်တော်ကစကားတို့အားချန်ကာထားလျှင်သူမက ရင်ခွင်ထဲမှထွက်ကာ ကျွန်တော့်အားမော့ကာကြည့်၏။ ကျွန်တော့်နောက်ဆက်တွဲစကားတို့အားမျှော်လင့်နေဟန်။သူမကထိုင်ခုံပေါ်ရှိနေကာ ကျွန်တော်ကသိပ်မမြင့်သောထိုင်ခုံအောက်မှာ ဒူးထောက်ကာထိုင်နေတာဖြစ်၏။ သူမရဲ့မျက်နှာလေးအားတစိမ့်စိမ့်ကြည့်ကာ အမြဲရည်မှန်းထားခဲ့ရသောအနာဂတ်စီမံကိန်းအားအကောင်ထည်ဖော်ဖို့ ကိုယ်ကိုအနောက်ရွေ့ကာ ဒူးတစ်ဖက်ထောင်လိုက်ရင်း ဘောင်းဘီအိတ်ထဲက လက်စွပ်ဘူးအားထုတ်လိုက်ပြီး သူမရှေ့ဖွင့်လိုက်ကာ
"လက်ထပ်ခွင့်ပြုပါ ကျွန်တော်သာကီသွေးရဲ့ဇနီးတစ်ယောက်ဖြစ်ပေးပါ ကျွန်တော့်နားအမြဲရှိပြီး ကျွန်တော့်အချစ်တွေခံယူပေးနိုင်မလား."
ယနေ့မှ သူမအားလွမ်းလွန်းလို့ရေချိုးပြီးတာနဲ့ ကိတ်မုန့်တစ်ယောက်ထဲခွဲပြီး သူမအစားကြည့်ရအောင်ဆောင်လာမိသောလက်စွပ်လေးဟာ အခုတော့သူမရှေ့မှာ ဖွင့်ဟခံနေရပြီး ပိုင်ရှင်ခေါင်းညိတ်တာကိုစောင့်နေရသည့်ပုံ။ ထို့အတူကျွန်တော်သည်လည်းတစ်ဒိတ်ဒိတ်ခုန်နေသောရင်အစုံနဲ့အတူ သူမရဲ့အဖြေစကားကိုစောင့်မျှော်နေမိသည်။ ကျေးဇူးပြုပြီးလက်ခံလိုက်ပါ။ လက်ခံပေးပါမမဟုလည်းစိတ်ထဲတွင်ရိုက်ဟည်းကာ ပဲ့တင်ထွက်လောက်သည်အထိပြောနေမိသည်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး