ch 11

17.1K 490 11
                                    

Unicode

ကျွန်တော် အခန်းတံခါးခေါက်သင့်လားမခေါက်သင့်လားတွေဝေနေမိတယ်။

အခုတင် မနက် ၇နာရီခွဲနေပြီ သူမအခုထိအပြင်ထွက်မလာသေး။အရင်ကဆိုရင် ၇နာရီဆိုတာနဲ့အပြီးစီး ကားပေါ်တက်ကာမောင်းထွက်သွားပြီဖြစ်သည်။

ကျွန်တော်ပြင်ထားတယ့်မနက်စာတောင်နည်းနည်းအေးစက်နေလောက်ပြီ။ သူမမနိုးသေးတာလား။နှိုးလိုက်သင့်လား။ဝင်သွားသင့်လား။ တကယ်လို့မနှိုးလို့အလုပ်နောက်ကျလို့ကျွန်တော့်ကိုအော်ရင်ဘယ်လိုလုပ်မလဲ။ဒါမှမဟုတ် နှိုးမိလို့ အော်ရင်ရော။

စိတ်ထဲ၁ကနေ၁၀ထိရည်တွက်လိုက်ပြီး သက်ပြင်းကြီးကြီးချကာ လက်ကတံခါးလက်ကိုင်ဘုကိုလှည့်ဖွင့်လိုက်သည်။

အခန်းထဲသို့သလင်းမှန်ပြတင်းပေါက်ကနေ နေရောင်တချို့လက်ဖြာကျနေသည်။ သူမရဲ့အိပ်ရာကိုကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်ပဲမို့ မနေ့ညက ကုတင်ပေါ်တောင်တက်မအိပ်ခဲဖူးဆိုတာသေချာသွားရသည်။ သူမကတော့ စာရွက်တချို့ပြန့်ကျဲနေတယ့်စားပွဲခုံပေါ်ကကွန်ပျူတာပေါ်လက်တင်ရင်းအိပ်မောကျနေသည်။ သူမရဲ့ခြေထောက်အောက်မှာလဲ စာရွက်တော်တော်များများပြန့်ကျဲနေ၏။ တချို့ကသူမဆံပင်လိုပဲဆုတ်ဖြဲခံထားရသလိုတွန့်ပွကြေနေ၏။

ခြေသံဖွဖွနင်းပြီးသူမနားတိုးကပ်လိုက်တော့ ကွန်ပျူတာဘေးမှာအလွတ်ဖြစ်နေတယ့်ကော်ဖီခွက်ကိုတွေ့လိုက်ရသည်။ကျွန်တော်ပြုံးလိုက်ပြီး သူမတံတောင်နဲ့တိုက်မိမှာစိုးလို့ထိုခွက်ကိုအသာယူကာ အနီးက ထိုင်ခုံပေါ်
ခနတင်ထားလိုက်သည်။

ရောင်စုံဖြစ်နေသောနေပျောက်တချို့ကသူမပါးပေါ်ကျနေတယ်။ ပြောရရင်ကဗျာတော့မဆန်ပါဘူး။ ဘာလို့ဆို ပွယောင်းနေတယ့်ဆံပင်၊သိသိသာသာညိုနေတယ့်မျက်ကွင်းတွေနဲ့ အင်း ...သူမပါးစပ်ကစီးကျနေတယ့် သွားရည်စီးကြောင်းကအောက်ကစာရွက်ပေါ်မှာပါအကွက်တချို့ဖြစ်နေလို့ပင်။ တကယ်ရယ်ချင်စရာမြင်ကွင်းပဲ။ သူမကပုံမှန် သွားရည်ကျလေ့မရှိပါဘူး။ ဒါပေမယ့်သိတယ့်အတိုင်းအရမ်းပင်ပန်းပြီးအိပ်ပျော်သွားရင် ကျွန်တော်တို့လူသားတွေကသွားရည်ကျလေ့ရှိတယ်လေ။

Differences (Completed)Where stories live. Discover now