Unicode
အင်တာဗျူးအောင်မြင်သည်။ မနက်ဖြန်ကစ၍ ဒီလိပ်စာတွင်ပြောင်းနေရမည်။ အမှတ်(...)×××××××
ဖုန်းစက္ကရင်ပေါ်ကမက်ဆေ့ဂျ်လေးကြောင့် ကျွန်တော်ပျော်ရွှင်စွာထခုန်မိမတတ်ပင်။အံ့သြစရာကြီးနော် လိင်ကျွန်ဖြစ်ရတော့မည့်သူကပျော်နေရတယ်လို့။
မနက်ဖြန်အတွက်ချက်ချင်း များများစားစားမရှိသောအဝတ်စားများကိုထုတ်ပိုးပြင်ဆင်လိုက်ပါသည်။အဝတ်အိတ်ထဲသို့အဖေနဲ့အမေရဲ့ဓာတ်ပုံကိုပါအောင်ယူဖို့လည်းမမေ့ခဲ့ပါ။
_________________________________
လိပ်စာပင်မှားသလားဟုအံ့သြရလောက်အောင်နေရာကလုံးဝလူကုံထံအသိုင်းအဝိုင်းကမှန်းသိသာစေ၏။
ကျယ်ဝန်းသောခြံဝန်းကြီးကိုကြည့်ပြီးလူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ မရှေးမနှောင်းမှာပင် တံခါးကသူ့အလိုလိုပွင့်သွားပါသည်။ ကျွန်တော်လည်းရင်ထဲမသိမသာလှုပ်ရှားနေသောစိတ်တို့ကိုတင်းကာထိုခြံရှိ အိမ်လေးထံဝင်လိုက်ပါသည်။
"ရောက်ပြီလား"
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရသောအသံကြောင့် ညာဘက်သို့လှမ်းကြည့်လိုက်တော့ ကျွန်တော်မထင်မှတ်ထားစွာ ရင်ထဲလှိုက်ခနဲခုန်တက်သွားရသည်။ အစကထင်ထားတာက အသက်ကြီးကြီး မိန်းမတစ်ယောက်လို့ထင်ထားခဲ့တာ။ ဒါပေမယ့်ခုက။
"လာထိုင်လေ အဲ့မှာဘာရပ်လုပ်နေတာလဲ တို့မအားဘူး"
အသံကသြဇာအပြည့်နဲ့ဖြစ်ကာ ပုံစံကရုံးသွားရန်ပြင်ဆင်ထားပုံနဲ့ပင်တူသည်။ကျွန်တော်လည်းအရှေ့ကခုံပေါ်ထိုင်လိုက်တော့မှ
"မင်းနာမည် ဘာသွေး အာ ထားလိုက်တော့ ရော့ဒီမှာဒါအခန်းသော့ ပြီးတော့ အစားအစာအကုန်ရှိတယ် မင်းလည်းနေရာချပြီးအေးဆေးနားလိုက်ဦး တို့မအားဘူးသွားစရာရှိသေးတယ် တို့၆နာရီလောက်ပြန်လာမယ် ဒီမှာRomote တို့လာတာနဲ့တံခါးလာဖွင့်ပေးပါ"
ပြောပြီးထွက်သွားသောအနှီအမျိုးသမီးကိုကြည့်ပြီး ကျွန်တော်နားမလည်နိုင်ဖြစ်ရသည်။ မသိရင် ကျွန်တော့်ကိုခြံစောင့်ငှားထားသလိုပဲ။ တလောကလုံးရဲ့အလုပ်တွေပိကျနေတယ့်ပုံနဲ့အနှီအမျိုးသမီး။ ယခုတော့ ဤအိမ်ထဲတွင်ကျွန်တော်တစ်ယောက်ထဲကျန်တော့သည်။ အိမ်ကဘန်ဂလိုပုံဖြစ်ကာ ကျွန်တော့အခန်းကိုကျွန်တော်ဘယ်မှာလဲမသိပါ။ ပေးထားသောသော့နဲ့အံဝင်ခွင်ကျဖြစ်တာပဲဟုတွေးလိုက်ရင်း အခန်းနေရာချရန်စီစဥ်တော့သည်။ မကြာခင်မှာပဲ ကျွန်တော့အခန်းကိုရှာတွေ့သွားပြီး ပစ္စည်းများနေရာချလိုက်ပါသည်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး