ဒီနေ့က နားရက်မို့ ကျွန်တော်ပျော်ရွှင်စွာပဲအိမ်ကပ်နေသည်။ နားရက်မှာသူမနဲ့အချိန်ဖြုန်းချင်ပေမယ့်လည်းကံမကောင်းစွာသူမကဒီနေ့အရေးကြီးပွဲတခုတက်ဖို့ရှိနေသည်တယ့်။ မသွားမဖြစ်မို့ သူမကသွားရမည်ဖြစ်သည်တယ့်။ အကြာကြီးမနေဖို့ပြောပြီးကျွန်တော်ကအိမ်မှာပင်တစ်နေကုန် ရှင်းသင့်တာရှင်းပြီး ဝယ်စရာတွေထပ်စီမံနေရသည်။ သူမကိုမချက်ကျွေးတာကြာပြီမို့ ဒီနေ့ညကအထူးအနေနဲ့အစီစဥ်ဆွဲနေမိသည်။ တကယ်ဆိုနားရက်လေးမှာသူမနဲ့အတူအချိန်တွေကိုကုန်ဆုံးချင်တာဖြစ်၏။ ဒါပေမယ့်လည်း မနက်ပိုင်းကျတော့လည်းသူမ စာရင်းတွေစစ်ရမှာမို့မသွားမဖြစ်တယ့်လေ။ ဟူး သူမနဲ့ပါတ်သတ်ရင်ဒီကအမြဲအလျော့ပေးရတာပါပဲ။
ဟိုတနေ့တုန်းကလဲ ရုတ်တရက်ကြီး စကားများသလိုဖြစ်သွားမိသည်။ တကယ်ကိုရိုးရိုးရှင်းရှင်းအခြေနေကနေ ရုတ်တရက်ကြီးသူမကထိုသို့ဖြစ်သွား၏။ တံခါးအားအပြင်ကဘယ်လောက်ထုထုမရခဲ့ပါ။ သူမကိုအော်ခေါ်ရင်း ရိုက်ထုနေရလို့နာတယ့်လက်ထက် ရင်ထဲကပိုနာ၏။
သူမမထွက်လာမှန်းသေချာသောအခါမှာတော့ ကျွန်တော့်နှလုံးသားကနာကျင်ရပြန်သည်။ ရုတ်တရက်ကျလာတယ့်မျက်ရည်ကြောင့် သူမအားမမြင်စေချင်၍ဝရံတာထွက်ကာ ငိုမိတော့လည်း အိမ်ထဲငိုသံနဲ့ဆူညံသံတွေကြားတာကြောင့် မျက်ရည်တွေကမန်းကတမ်းသုတ်ပြီး လူကသူမကိုပြန်လိုက်ရှာရသည်။ သူမအခန်းတံခါးကပွင့်နေ၏။ နောက်ဆုံး ကျွန်တော့်အခန်းထဲတွင်ထိုင်ကာငိုနေပြီး ကျွန်တော့်အားထားမသွားဖို့ချည်းပြောသောသူမကြောင့်လူကခံစားချက်တို့ပေါက်ဖွားကာ သူမအားထပ်တူတင်းတင်းဖက်ထားမိသည်။ တကယ်တော့ ကျွန်တော်ကသာ သူမထားသွားမှာကြောက်နေတယ့်သူဖြစ်၏။ ကျွန်တော်ကအခုတလောမအားလပ်ကာ သူမအားအရင်ကလောက်သိပ်ဂရုမစိုက်သလိုဖြစ်နေတာကြောင့် ဂရုစိုက်ပေးမည့်တခြားတစ်ယောက်သူမမှာထပ်ရှိသွားမှာကြောက်တာဖြစ်၏။ သူမကိုယုံသည်။ ထို့အပြင်ချစ်သည်။ ထို့အတူတဆက်တည်းမှာပဲတခါတလေ ထိုသို့သိမ်ငယ်မှုမျိုးကဝင်လာတာပဲဖြစ်၏။
သူမကချမ်းသာသည်။ထို့ပြင်လှသည်။ ထို့အတွက်သူမဘေးတွင်ပုရိသတွေကအမြဲဝိုင်းနေတာဖြစ်သည်။ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုခုထိသူများတွေအားချမပြရသေးပါ။ ဒါကပင်ကျွန်တော့အားအမြဲစိုးရိမ်စေတာဖြစ်၏။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး