ch20

18.3K 440 20
                                    

Unicode

"ကီ နောက်တစ်ပါတ်ဆိုကျောင်းတွေဖွင့်တော့မယ်နော် "

ညစာစားရင်းကနေပြောလာတယ့်သူမကြောင့်ကျွန်တော်လည်း ကိုယ့်အကြောင်းကိုယ်ပြန်မှတ်မိသွားရသည်။ လွန်ခဲ့တဲ့ရက်တွေက သူမစိတ်ချမ်းသာအောင်ပဲ ဟင်းလျာတွေချက်ကျွေးဖို့ အိမ်မှာ တစ်ယောက်ထဲ Supermarketပြေးလိုက် youtubeကကြည့်လိုက်နဲ့ မအားလပ်နိုင်အောင်ရှိနေခဲ့တာလေ။ ပြန်လာတော့လည်းသူမရဲ့အပြုံးတွေနဲ့အတူ ကျွန်တော့်ကိုချီးကျူးတယ့်စကား ထို့အပြင် သူမပေးတယ့်အနမ်းဆုတွေနဲ့ ယစ်မူးနေမိတာ ငါဟာကျောင်းသားပါလားဆိုတာတောင် တခနတာမေ့သွားတယ့်အထိ။

"ဘာလည်း မေ့နေတာလို့တော့မပြောနဲ့နော် "

သူမက အစိမ်းကြော်တစ်ဇွန်းကျွန်တော့်ပန်းကန်ထဲထည့်ပေးရင်းက ပြောလာသည်။

"အမှန်တိုင်းပြောရရင် ကျွန်တော်မေ့နေတာမမရဲ့ဒီရက်ပိုင်းကျွန်တော့်စိတ်ထဲမမပဲရောက်နေတော့ ဘာမှအာရုံတောင်မစိုက်မိပါဘူး"

မျက်လုံးတစ်ဖက်မှိတ်ပြပြီးပြောလိုက်တယ့်ကျွန်တော့်ကိုသူမက အပိုတွေလုပ်နေပြန်ပြီဆိုသောပုံမျိုးနဲ့ရှက်ရမ်းရယ်သွေးပါသည်။

"တို့ မနက်ဖြန်တစ်ရက်နားလိုက်မယ် ကီ"

သူမစကားကြားကြားချင်းမယုံနိုင်စွာပျော်သွားရသူကကျွန်တော်ပါ

"တကယ်လား မမ ရေးစ် ကျွန်တော်မပျင်းရတော့ဘူး "

မမက မျက်နှာကိုတစောင်းလှည့်လိုက်ကာ သွပ်သွပ်ဟုပြောကာ လက်ညှိုးကိုခါယမ်းပြီး

"မဟုတ်ဘူး ပျော်မနေနဲ့ မနက်ဖြန်က အပြင်သွားမှာ "

"အပြင် ဟာ မမတစ်ယောက်ထဲလား အိမ်မှာကျွန်တော်နဲ့မနေဘူးလား"

"မင်းကလည်း ကြည့်ဦးကိုယ့်ပုံကိုလည်း ဆံပင်တွေရှည်နေပြီမလား မနက်ဖြန်မင်းနဲ့ Shoppingထွက်ရမယ် မင်းကျောင်းတက်ဖို့လိုအပ်တာအကုန်တို့လုပ်ပေးရတာပေါ့"

ကျွန်တော်ဘာစကားမှမပြောနိုင်အောင်ဖြစ်သွားပြီးသူမကိုပဲလေးလေးနက်နက်ကြည့်နေမိတယ်။ သူမကတော့ ပြောပြီးကထဲကစိတ်ထဲဘာမှမဖြစ်သလိုမျိုး ထမင်းဆက်စားနေသည်။ ဒါဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောသိမ်ငယ်စိတ်ဝင်ခြင်းပါ။ ခင်ဗျားတို့သိလား ကျွန်တော့်ရဲ့ယောက်ျားအဖြစ်ကို ဒီအချိန်မှာကျွန်တော်မုန်းတီးမိတယ်။ ကျွန်တော်ကသူမကိုပြန်မှီခိုနေရတယ်။ ဒါ့အပြင်သူမကကျွန်တော့်အပေါ်ကောင်းလွန်းနေတယ်။ ဒါကျွန်တော့်ကိုပိုခံစားရစေတယ်။

Differences (Completed)Where stories live. Discover now