ch19

15.6K 427 19
                                    

Unicode

"မမပြန်လာပြီလား "

ည၁၀နာရီလောက်မှသူမကပြန်ရောက်လာပါသည်။ နွမ်းနေသောမျက်နှာလေးက စိတ်ထိခိုက်မှုတခုခုရှိထားသလို။ ဘာလည်းဆိုတာသိချင်ပေမယ့်ကျွန်တော်မမေးဖြစ်ပါ။
သူမကပြန်လာတိုင်းအအေးဖျော်တိုက်ဆိုလို့ ကျွန်တော့်လက်ထဲမှာ နို့အေးတစ်ခွက်ရှိနေပါသည်။ သူမဆီက ပစ္စည်းတွေလွှဲပြောင်းယူပြီးသူမကို အအေးခွက်ပေးလိုက်တော့မှ သူမက ကျွန်တော့်ကိုကြည့်ပြီးအအေးခွက်ကိုတစ်ချက်ကြည့်ကာ ခုမှမျက်နှာလေးက ပြန်ပြုံးလာပါသည်။ ကျွန်တော့်ကိုတစ်ချက်ပြုံးပြပြီး အအေးခွက်ကိုမော့သောက်လိုက်ပါသည်။

"မင်းစားပြီးပြီမလား"

သူမကအအေးခွက်ပြန်ပေးရင်းပြောသည်။

"ဟုတ် မမ "

ကျွန်တော်တို့အိမ်ထဲပြန်လျှောက်ရင်းကနေ

"မမ ဆာရင် ကျွန်တော်တခုခုလုပ်ပေးရမလား"

ကျွန်တော့အမေးကိုသူမကလမ်းလျှောက်နေရင်းက ခေါင်းရမ်း၏။

သူမအခန်းထဲရောက်တော့ သူမရဲ့အိတ်တွေကိုစားပွဲပေါ်ကျွန်တော်ချပေးလိုက်ပြီး
ပြန်လှည့်လိုက်တော့ အပေါ်ထပ်ကုတ်ချွတ်နေတယ့်သူမကိုတွေ့တာကြောင့် ရုတ်တရက်မျက်နှာပူသွားပြီး အခန်းပြင် ထွက်ပေးဖို့ ပြင်လိုက်သည်။ သူမရေချိုးမို့နေမှာပေါ့။

ဒါပေမယ့် အခန်းထဲကကျွန်တော်မထွက်ခင်မှာပဲ ကျောပြင်ဆီကနွေးခနဲခံစားချက်နဲ့အတူ ကျွန်တော့ကျောပေါ်ပါးပြင်ကပ်ပြီး သူမလက်တို့က ကျွန်တော့ခါးဆီမှာ ရစ်ပတ်ထား၏။ သူမကျွန်တော့်ကိုဖက်တယ်။ ဖက်နေတယ်။ ရင်ထဲက တဒုတ်ဒုတ် ခုန်လာမှုနဲ့အတူ သူမဘက်လှည့်မလို့ ခြေထောက်တို့ရွှေ့ဖို့ပြင်တော့

"ဟင့်အင်း မလှည့်လာနဲ့ ကီ တို့ဒီတိုင်းခနနေချင်လို့"

ဆိုတယ့် လေးတွဲ့တွဲ့သူမစကားသံက နောက်ကျောပြင်ဆီကထွက်လာတာမို့ ကျွန်တော် လည်းဒီတိုင်းရပ်ပေးနေမိတယ်။ သူမပါးပြင်က ကျွန်တော့်ကျောပြင်ကိုပွတ်သပ်နေတာကြောင့် ရင်တို့လည်းခုန်ရပါတယ်။ တင်းကျပ်စွာဖက်ထားသောသူမကြောင့် နူးညံ့တယ့်အစိတ်ပိုင်းတော်တော်များများလည်းကျွန်တော်နဲ့ဖိကပ်နေတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ​ကျောပြင်ပေါ်ကတဆင့် စိုစွတ်မှုတချို့ကိုရလိုက်တာကြောင့်သူမငိုနေတာလားဆိုတယ့်စိုးရိမ်စိတ်ကဝင်လာသည်။ ဒါ့ကြောင့် ရင်ခုန်မှုတွေလည်းလေနဲ့လွင့်ပါးကာ စိုးရိမ်စွာဖြင့်နောက်သို့လှည့်လိုက်သည်။

Differences (Completed)Where stories live. Discover now