ch 15

16.7K 446 6
                                    


Unicode

"ဟို မင်းကရာထူးတိုးသွားပြီဆိုတော့ မင်းအခန်းမင်းပြန်အိပ်လေ"

သူမကအခန်းထဲသို့ဝင်ရန်လုပ်နေတယ့်ကျွန်တော့ကို ဒီစကားနဲ့နှင်ထုတ်တယ်။ မရတော့ဘူးမမရေ။ ဒီတလတော့ကျွန်တော်အခွင့်ရေးသမားဖြစ်ချင်လည်းဖြစ်ပါစေတော့ ကျွန်တော့်ရဲ့ဖောက်ပြန်ချင်နေတယ့်စိတ်ကိုဦးစားပေးလိုက်တော့မယ်။

"မမ ကလည်းကွာ ကျွန်တော်တို့အရင်ကလည်းဒီတိုင်းအိပ်နေတာပဲကို ပြီးတော့ မမရဲ့ရောဂါကအရှင်းပျောက်ဖို့လိုတယ်လေ ကျွန်တော်ကသဘောထားကြီးတယ့်သူပါ ဒါ့ကြောင့်စိတ်မပူနဲ့မမအတွက် အနစ်နာခံပြီး ရာထူးတိုးလည်းလက်ခံမယ် အရင်ရာထူးကိုလည်းကျေပွန်အောင်ဆောင်ရွက်ပေးမယ် ဟုတ်ပြီလား နော်" 

ယောက်ျားတို့တတ်သင့်တယ့်မာယာတွေနဲ့သူမကိုချုပ်နေမိတယ်။ အဟား ရီရသား တကယ်တော့ကျွန်တော်အဲ့လိုချွဲချွဲနွဲ့နွဲ့မပြောဖူးပေ။ ကျွန်တော့အဖြေကိုသူမက နှာခေါင်းရှုံ့ကာပြုံးရင်း

"ဟွန်း လူလည်"

ဟုအသည်းယားဖွယ်ပြောပါသည်။

"ဒါဆိုကျွန်တော်ဝင်လာမယ်နော်"

တံခါးလက်ကိုင်ကိုကိုင်ပြီးအထဲဝင်ဖို့လုပ်နေတယ့်ကျွန်တော့်ကိုသူမက

"ဟိုးထားဆရာ မရပါ လုံးဝလုံးဝမရဘူး တို့အစကပြောထားတယ့်အတိုင်းပဲ မင်းအခန်းမင်းပြန်အိပ်"

သူမရဲ့ရုပ်တည်ကြီးကကျွန်တော့်ကိုအရှိန်သေစေသည်။ဒါပေမယ့်လည်း စျေးဆစ်ကြည့်ချင်ပါသေးသည်။

"မမတကယ်ပြောတာလား "

"အေး "

"တကယ်နော် သေချာတယ်နော်"

"အေး သေချာတယ်"

"ပြီးမှ..."

"ကဲ ကီဘယ်လိုဖြစ်နေတာလဲ သေချာတယ်ဟုတ်ပြီလား သွားအိပ်တော့ မနက်ရောက်မှတွေ့မယ် "

ပြောပြီးသူမကတံခါးကိုဆွဲပိတ်သွားသည်။ logချလိုက်သံကိုပါကြားလိုက်ရသည်။ ကောင်းကွာ သာကီသွေးရာ မင်းချွဲတတ်ဖို့သင်ထားရမယ် ဒီမိန်းမစိတ်ကိုတော်ရုံနဲ့တော့ပျော့အောင်လုပ်နိုင်မှာမဟုတ်။ ခုနက သူ့powerအကုန်သုံးပြီး puppy eyesနဲ့ပြောခဲ့တာတောင်မရပေ။

Differences (Completed)Where stories live. Discover now