ch53

11.8K 279 26
                                    

မနက်ခင်းရဲ့အနွေးဓါတ်တို့ဖြန့်ကျက်နေသောနေပျောက်တို့ကြားကျွန်တော်နိုးထလာသည်။ သူမကတော့ ကျွန်တော့၏ဘေးတွင် အိပ်မောကျနေဆဲရှိသေး၏။

ဆံနွယ်ရှည်လေးများက ကပိုကရိုဖြင့်ဖြာကျနေတာကြောင့်သူမဟာ
ကျွန်တော့၏ထာဝရနတ်သမီးလေးပင်ဖြစ်၏။

မနေ့ညက သူမကြောင့်သာမဟုတ်ရင် ကျွန်တော်ကိုယ်တိုင်ပိတ်လှောင်နေမိသော အတိတ်ကြားထဲမှရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပါ။

မြတ်နိုးစိတ်ကြောင့်သူမ၏နဖူးပြင်အား အမြတ်တနိုးနမ်းရှိုက်လိုက်တော့ သူမကမျက်ခွံတို့လွန့်လူးကာနိုးထလာပါသည်။ တွန့်ကွေးနေသောနှုတ်ခမ်းပါးလေးတို့ဟာ သူမဘယ်လောက်ကြည်နူးကာပျော်ရွှင်နေလဲဆိုသောစိတ်၏ပြယုဂ်ပဲဖြစ်၏။ ထို့အတူ နံနက်စောစောမှာသူမ၏ဒီနွေးထွေးလှပတယ့်အပြုံးအားမြင်လိုက်ရခြင်းဟာလည်းကျွန်တော့်အတွက်ဘာနဲ့မှနှိုင်းလို့မရတယ့်ကြည်နူးခြင်းတမျိုးပါပဲ။

ကျွန်တော့်ရင်ထဲခေါင်းပိုတိုးဝင်ပြီးချစ်စရာကောင်းလောက်အောင်ဖက်တွယ်လာသောသူမသည် ကျွန်တော့ရင်အုံကိုခပ်ဖွဖွခိုးနမ်းနေသေး၏။

"ဟေး ဒါက စောစောစီးစီး ကိုယ့်ယောက်ျားကိုမြှူစွယ်နေတာလား ကျွန်တော့ဇနီးလေး"

ကျွန်တော်ကသူမရဲ့မျက်နှာလေးအားမရမကဆွဲယူကာစလိုက်လျှင်တော့ မချိုမချဥ်ပြုံးလေးနဲ့သူမဟာ မျက်ခုံးလေးပင့်ပြီး

"ဘယ်လိုထင်လဲ"

ကြည့်ပါဦး ကျွန်တော့်ဇနီးလေးက ဘယ်လောက်အသဲယားစရာကောင်းသလဲဆိုတာကို။

"ဟော တကယ်လား "

"သွားမသိဘူး.."

ကျွန်တော့်ရင်ဘတ်ထဲမျက်နှာအတင်းဝှက်ပြီးအရှက်သည်းနေပြန်တယ့်ဒီမမကြောင့် လောကကြီးဟာပိုရှင်သန်ဖို့ထိုက်တန်ပါ၏။

"ဟောဗျာ ဘယ်လိုလေးလဲ မထတော့ဘူးလားမမက"

"အင်း ဒီတိုင်းကီ့ရင်ခွင်ထဲခနနေချင်လို့ ..."

သူမရဲ့စကားအဆုံးမှာတော့ ခပ်ဖွဖွရယ်မောသံလေးတွေနဲ့အတူ ကျွန်တော်တို့မနက်ဟာ အချစ်တို့ဖြင့်ဖုံးလွှမ်းသွားရ၏။

Differences (Completed)Where stories live. Discover now