"အကို "
အသံနဲ့အတူလှပသောပုံရိပ်လေးက ရှေ့တွင်လာရပ်၏။ ဒါကကျွန်တော်နဲ့အတူတွဲရိုက်နေသောခေါင်းဆောင်မင်းသမီးဖြစ်၏။ သူမကဇာတ်လမ်းထဲတွင် ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း၏ညီမငယ်လေးအဖြစ် ကျွန်တော့်အား တစ်ဖက်သတ်ကြိတ်ကာသဘောကျနေသော ဇာတ်ရုပ်ဖြစ်သည်။ အခုမှအသက်၂၁နှစ်သာရှိသေးသော်လည်းဒီကောင်မလေးက နာမည်ကြီးပင်ဖြစ်၏။ ထို့အပြင်ကလေးဘဝထဲကသရုပ်ဆောင်လောကထဲဝင်ရောက်လာတာပင်ဖြစ်၏။
"စံယွန်းငယ်"ဆိုသည့်လှပသောနာမည်နဲ့အတူcutyကျသောမိန်းကလေးဖြစ်၏။"သြော ညီမယွန်း"
"ဇာတ်ညွှန်းတွေဖတ်ရတာဘယ်လိုလဲ အကို ညီမနဲ့အတူဖတ်ကြမလား"
သူမကအနားတွင်ထိုင်ကာ ဇာတ်ညွှန်းစာရွက်ကိုင်ထားလျက်ပြောသည်။
"အွန်း ကောင်းတာပေါ့ အဟင်း အကိုက ငါ့ညီမတို့လို စီနီယာမဟုတ်တော့ နည်းနည်းခက်ခဲနေတာ"
ထိုစဥ် သူမ၏လက်ထောက်က ကော်ဖီအေးဗူး၂ဗူးအား လာပေး၏။ သူမက ကျွန်တော့်အား တစ်ဗူးကမ်းပေးပြီး
"အကိုညီမဝယ်တိုက်တာပါ အမောပြေပေါ့အဟွန်း"
"ဟာ မဟုတ်တာ ကျေးဇူးပါဗျာ"
ကျွန်တော်က မငြင်းကောင်း၍လက်ခံလိုက်လျှင်သူမက
"အကိုကတော်ပါတယ် သရုပ်ဆောင်လည်းကောင်းတယ် ဒါအကို့ရဲ့ပထမဆုံးကားလို့တောင်မထင်ရဘူးတကယ်ပြောတာ ညီမတောင်အကို့ဖန်ဖြစ်ချင်လာတယ်"
"အဟား ညီမယွန်းကတော့ မြှောက်ပြီကွာ "
သူမစကားမှာ ရှက်သွားကာ ကော်ဖီအား သောက်လိုက်ရင်း သူမနဲ့အတူဇာတ်ညွှန်းကျင့်ဖြစ်၏။ အစောထဲကအတူဖတ်ထား၍လားမသိ။ ဒီနေ့ဇာတ်ဝင်ခန်းက အမှားယွင်းသိပ်မရှိပဲ အဆင်ပြေပြေပြီးဆုံး၏။
______
"မမလေး အခုတလောအရမ်းအလှကြိုက်လာတယ်နော် အလုပ်ချိန်မှာ ဒီမိတ်ကပ်tutorialတွေကြည့်နေတာ ပုံမှန်မဟုတ်ဘူး"
ဇီကတောင်ပြောနေပြီမို့ကြည့်လက်စVideoကိုပိတ်ကာ ဘုကြည့်ကြည့်လိုက်သည်။ ဒါပေမယ့်လည်းကိုယ့်ကိုစူးစိုက်စိုက်ပြန်ကြည့်နေသည့်ဇီ့ကြောင့် နည်းနည်းရှက်သွားရပြီး အရှက်ပြေ ပါးကိုကိုင်ကာ
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး