Unicode
"ဟား ဟား ဟား အဟင်း "
ဆိုဖာခုံပေါ်တွင်အူလိမ့်အောင်ခွီနေသောသူသည် အမှန်ပင်ထိုအမျိုးသမီးဖြစ်သည်။ ရှေ့တွင်ဖွင့်ထားသောTVမှ အမှန်တကယ်ကိုရယ်စရာကောင်းသောကားတစ်ကားကိုဖွင့်ထားလေ၏။ သူမဘေးမှာတော့ကျွန်တော်ကစိတ်ထဲတွင်အံ့သြခြင်းများကကြီးစိုးလွန်းလို့ ရယ်ရမှန်းပင်မသိတော့ပါ။ လူကြီးအတွေးတချို့တွေးမိထားသော ကိုယ့်ကိုကိုယ်တောင်ရယ်နေသောသူမကိုတွေ့လိုက်ရတော့အပြစ်ရှိသလိုခံစားရစေသည်။
ဘုရားစူး မိန်းကလေးတစ်ယောက်ဒီလိုအားရပါးရရယ်မောတာကိုမမြင်ဖူးချေ။ဘယ်လောက်အားရလိုက်သလဲဆို နှာဖျားတွေနီပြီးမျက်ရည်ကျရလောက်တယ့်အထိကိုဗိုက်နှိပ်ရယ်နေတာဖြစ်သည်။ မနက်ကစည်းကမ်းကြီးပြီးသြဇာအပြည့်နဲ့အမျိုးသမီး။အပြင်ကပြန်လာကာစကအမျိုးသမီး။ထိုပုံများအားလုံးကို
ပရိုဂျက်တာနဲ့ယှဥ်ပြရင် လူတိုင်းကကျွန်တော့လိုအံ့သြမှာအသေချာပင်။"အမလေးရယ်လိုက်ရတာ အဟား ဟား "
သူမကခုထိဗိုက်နှိပ်ရယ်နေတုန်းဖြစ်သည်။ ပြီးတော့ရုတ်တရက်ကျွန်တော့်ဘက်လှည့်လာတာမို့ကျွန်တော် သူခိုးလူမိသွားသလို ဆတ်ခနဲတုန်လှုပ်မိသွားရသည်။
"မင်းကဒီမှာဘာထိုင်လုပ်နေတာလဲ"
"ဗျာ"
".."
" ဟို T.. TVကြည့်နေတာပါ"
"အဲ့တာဆိုဘာလို့ကြည့်ပြီးမရယ်တာလဲ "
"ဗျာ! အာ.. ဟာ.. ဟားဟား ..ဟားရယ်ရတယ်နော် ဒီကားကတော်တော်ရယ်ရတယ် "
ကျွန်တော် tvကိုတလှည့်သူမကိုတလှည့်
ကြည့်ပြီးဘာလုပ်ရမှန်းမသိတော့ပဲရယ်ချင်ယောင်ဆောင်လိုက်မိတယ်။ သူမကတော့မရယ်ပါ။ရုပ်တည်ကြီးနဲ့။"လိမ်မနေနဲ့ မင်းတို့ကိုကြည့်နေမှန်းသိတယ်"
ရုတ်တရက် သြဇာသံနဲ့ပြောလိုက်တယ့်စကားအဆုံးမှာကျွန်တော့ကိုယ်အေးခဲသွားရသည်။လီးပဲ! ဒါကဘယ်လိုအခြေနေလည်းဟ။ကျွန်တော်ဘာလုပ်ရမှန်းမသိပဲကြောင်တောင်တောင်ဖြစ်နေတုန်း သူမကရုတ်တရက်ကြီးကျွန်တော့်ကိုလက်ညှိုးထိုးကာထရယ်ပြန်သည်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး