ch42

11.6K 335 6
                                    

ဒီနေ့ စိတ်ထဲအရမ်းကြည်လင်နေတာကြောင့် အိမ်စောစောပြန်လာခဲ့လိုက်သည်။ ကောင်လေးက ဒီချိန်ရိုက်ကွင်းမှာရှိနေမည်ဖြစ်သည်။ ဒီရက်ပိုင်းဟာ ကောင်လေးသိပ်ကိုပင်ပန်းတယ့်အခိုက်တန့်ပဲဖြစ်သည်။ စာမေးပွဲဟာလည်း နီးကပ်နေတာကြောင့် ညဘက်ဆို စာလည်းလုပ်ရ ပြီးတော့ ဇာတ်ညွှန်းဖတ်ရနဲ့ကောင်လေးက သိပ်မအားပါ။ ဒါ့ကြောင့် ဒီရက်ပိုင်းတော့ နားလည်ပေးဖို့နဲ့ကောင်လေးက မချက်နိုင်တာကြောင့် ဝယ်သာစားဖြစ်နေသည်။

"ဟား စာမေးပွဲမြန်မြန်ပြီးသွားရင်ကောင်းမယ် ဒါမှအချိန်ထွက်မှာ မမကိုဟင်းချက်ကျွေးချင်တာ အပြင်စာတွေမစားစေချင်ဘူး"

ကောင်လေးက တကယ်ကိုကြိုးစားနေတယ့်ကြားထဲက ကိုယ့်ကိုစိတ်ပူသေး၏။
မနေ့ညကလည်း ကောင်လေးအတွက်ကော်ဖီဖျော်ပေးရင်း ဦးရန်ညီဆီကဖုန်းလာတာကြောင့်စိတ်တို့နောက်ချိသွားရကာ သတိလွတ်ပြီး လက်အပူလောင်သွားမိ၏။
ကိုယ့်အော်သံကြောင့်ကောင်လေးက ချက်ချင်းပြေးလာကာ အပူလောင်သွားတယ့်ကိုယ့်လက်ကိုကြည့်ပြီးကိုယ့်ကိုဆူတော့တာပင်။ ဆေးလိမ်းပေးရင်းလည်း လေနဲ့မှုတ်ပေးကာ စိတ်လည်းပူ သေး ဆူလည်းဆူသေးဆိုကာ ဒီကောင်လေးပင်ဖြစ်၏။

"မမနောက်ဆို ကိုယ့်ကိုကိုယ်ထိခိုက်မှာမျိုးမလုပ်ပါနဲ့ တခုခုဖြစ်ရင် ကျွန်တော်ဝမ်းနည်းရတယ် မမကျွန်တော့်ကိုချစ်ရင် နောက်ခါ ဒါမျိုးထပ်မလုပ်ရဘူးနော် သာကီသွေးကောင်မလေးက ဘာမှလုပ်ပေးစရာမလိုဘူး မမကကျွန်တော့်ကိုချစ်ပေးရုံပဲ ဟောဒီ့ကကျွန်တော်ကပဲ လုပ်မယ်နော် "

"တို့ကမင်းအိပ်ချင်မှာစိုးလို့ပါ ပြီးတော့ဒါကမတော်တဆပါ နောက်မဖြစ်ပါဘူး တို့."

ကောင်လေးကမျက်မှောင်ကြုပ်လိုက်မှသတိရသွားပြီး

"မမလည်း ကီ့ကိုချစ်တယ်လေ ဒါ့ကြောင့်ကီ့အတွက်တခုခုလုပ်ပေးချင်တာပေါ့ "

အခုမှကျေနပ်သွားပုံနဲ့ကောင်လေးက

"အွန်း မမလုပ်ပေးလို့ရတယ် ဒါမယ့်အန္တရာယ်မရှိတာတွေကိုပဲ ခုလိုမတော်တဆဖြစ်နိုင်တယ့်အရာတွေကိုမလုပ်ပါနဲ့နော်လိမ္မာတယ် "

Differences (Completed)Donde viven las historias. Descúbrelo ahora