"ဒေါက် ဒေါက် မမ"
"အေး..ဝင်ခဲ့"
ကျွန်တော်လည်းတံခါးကိုအသာတွန်းဖွင့်ပြီးဝင်သွားလိုက်တယ်။ဝင်ဝင်ချင်းမှောင်မဲနေ
တယ့်အခန်းကကျွန်တော့်ကိုဆီးကြိုနေတယ်။ဒါပေမယ့်အခန်းထဲမှာထင်းနေတယ့်နေရာကတော့ အလင်းရောင်အားကောင်းနေတယ့်ကွန်ပျူတာပဲဖြစ်သည်။ကွန်ပျူတာရှေ့ကလူပုံသဏ္ဌာန်အမှောင်ရိပ်သည်သူမပဲဖြစ်မည်။အလင်းမှဝင်ခဲ့သူမို့ကျွန်တော်အမှောင်နဲ့ကျင့်သားမရသေးပါ။ တံခါးပြန်ပိတ်လိုက်ပြီး အမှောင်ကိုကျင့်သားရအောင်ထိုနေရာပဲရပ်နေပြီးအမြင်အာရုံကိုစူးစိုက်ကြည့်လိုက်ရသည်။
ထိုအခါမှအခန်းတွင်းသို့အနည်းငယ်မြင်လာရသည်။
ရုတ်တရက်မီးများပွင့်သွားတော့လည်းကျွန်တော်မျက်စိစူးစွာလက်နဲ့ပင်ကာမိသည်အထိ။ကျစ်! ဒီမိန်းမတော့။ပထမရက်နဲ့တင်ကျွန်တော့်ကိုပညာပြနေပြီဟုထင်မိသည်။
"Oh တို့အလုပ်လက်စမပြီးသေးဘူးကီ မင်းအိပ်ချင်နေပြီလား"
"ဗျာ ဟို ရပါတယ်ဗျ"
သူမကဆုံလည်ခုံမှာထိုင်နေပြီးကျွန်တော့ဘက်သို့လှည့်ကာပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်အခုအမှန်တကယ်အိပ်ချင်နေပါပြီ ဒါပေမယ့်ကျွန်တော်ကဘာလဲဆိုတာ ကိုယ့်ကိုကိုယ်သိရမယ်လေ။
"အင်း တို့နာရီဝက်လောက်ပါပဲ ဒါနဲ့မင်းရေချိုးပြီးပြီလား ညအိပ်ဝတ်စုံကရော! ဘာကြီးဝတ်ထားတာလဲ"
သူမရဲ့နောက်ဆက်တွဲအမေးမှာကျွန်တော်ဆွံ့အသွားရသည်။
"အာ တို့မှားတာပါ အဲ့တချက်လိုသွားတယ် နောက်မှစီစဥ်ပေးမယ် ဒါနဲ့ရေဘယ်အချိန်ကချိုးထားတာလဲ"
သူမပုံကအထက်လူကြီးကလက်အောက်ငယ်သားကိုပြောပုံနဲ့သိပ်တူလွန်းတယ်။ပြီးတော့ ဖျားနေတယ့်သူကိုဆရာဝန်က
မေးတယ့်မေးခွန်းလိုမျိုးကြီး။ဒီမိန်းမဒီလိုမေးတာကအမူကျင့်ကောင်းမဟုတ်ဘူးဆိုတာမသိဘူးလား။ဟူး ..ထားပါတော့ ငါကလောလောဆယ် သူ့Slaveပဲလေ."ဟေ့ မေးနေတယ်"
"ဗျာ ဟုတ် ညနေ၅နာရီကပါ"
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး