ch21

15.7K 408 9
                                    

Unicode

"Wow တို့ထင်တယ့်အတိုင်းမင်းကဒီကေနဲ့လိုက်တာပဲ မင်းအခုအရမ်းချောသွားပြီသိလား"

မှန်သားပြင်ပေါ်မြင်နေရသော ကျွန်တော့်ရဲ့ပုံရိပ်ကို သူမက ကျွန်တော်ထိုင်နေသော ဆုံလည်ခုံရဲ့ လက်တန်းကိုကိုင်ကာ ခေါင်းကို ကျွန်တော့် ပခုံးနားထိနီးကပ်စွာငုံ့ကိုင်း ထားပြီးပြောသွားသည်။ သူမလက်တစ်ဖက်ကလည်းပုံသွင်းထားသည့်ကျွန်တော့ဆံပင်တို့ကို ထိကြည့်နေသည်။

အခုဆိုရင် မှန်သားပြင်ထဲမြင်နေရတာ အရမ်းကိုပြီးပြည့်စုံသော အတွဲပုံမျိုးပင်။ ဒါမယ့်မပြည့်စုံတာက သူမပုံပင်။ သူမက ဦးထုပ်ဝိုင်းခပ်ငိုက်ငိုက်ကိုဆောင်းထားပြီး maskအနက်ရောင်ကလည်းတပ်ထားသေးတာမို့ သူမမျက်နှာကိုလုံးဝမမြင်ရပဲ အနီးကပ်သေချာကြည့်မှ သူမမျက်လုံးတို့ကိုတွေ့နိုင်လေသည်။ အိမ်မှာတုန်းက သူမဒီပုံတိုင်းထွက်လာတော့ ကျွန်တော်အံ့သြစွာ ပြောရသေးသည်။

"ဟာမမ ဘာဒီဇိုင်းလဲ Shoppingဆို "

"အေးလေ" သူမက ဝတ်ထားသော အနက်ရောင် ရှပ်လက်ရှည်ကိုပင့်တင်ရင်းဖြေသည်။ အောက်ကဝတ်ထားသောဘောင်းဘီရှည်သာ အဖြူရောင်မဟုတ်ဘူးဆိုလျှင် သူမအား မာဖီးယားဒုစရိုက်ကျူးလွန်နေသူလို့ ရဲတပ်ဖွဲ့ကလာဖမ်းလိမ့်မည်။

"ဒီလောက်အုပ်ထားဖို့လိုလို့လားမမရဲ့မမက CELEလည်းမဟုတ်ပါဘူး"

ကျွန်တော်ကသူမရဲ့MASKကိုဆွဲချွတ် ဦးထုပ်ကိုလှန်တင်လိုက်ရင်းပြောလိုက်သည်။

ဘာမှမလိမ်းထားသောမျက်နှာလေးက အနက်ရောင်တွေကြားမှာဝါညက်ညက်နဲ့ ဝင်းနေ၏။ သူမကပွသွားသောဆံပင်တွေကို လက်နဲ့ပြန်ဖြီးသင်ရင်း

"တို့က CELEထက်ဆိုးနေလို့ပေါ့ ကီရဲ့ "သူမကနှုတ်ခမ်းလေးဆူရင်း

"တို့လည်း မင်းတို့လိုလွတ်လွတ်လပ်လပ် သွားလာချင်ပါတယ်နော် ဒါကြီးတွေမဝတ်ချင်ပါဘူး ဒါမဲ့ တို့ကအကြောင်းမဟုတ်ဘူး မင်းကကျောင်းတက်ရဦးမှာ တို့နဲ့တွဲရိုက်ခံရရင်း မင်းကိုသူများတွေစွပ်စွဲမှာတို့မလိုချင်..."

Differences (Completed)Where stories live. Discover now