ch41

12.3K 329 14
                                    

"ဟယ် ကိုသွေး မတွေ့တာကြာပြီ ကိုသွေးတို့ကတော့နော် နာမည်ကြီးသွားတော့ moonကိုတောင်မနှုတ်ဆက်တော့ဘူး"

ဒီနေ့မမနဲ့ Shoppingထွက်ရင်းမှ ဘယ်ကပေါ်လာမှန်းမသိသောလမင်းကလှမ်းရုတ်တရက်လှမ်းနှုတ်ဆက်လာသည်။

"ဟာ လမင်းပါလား မဟုတ်ပါဘူးကွာ ကိုယ်မမြင်လို့ပါ ဘာလာဝယ်တာလဲ"

"အဟင်း ထားပါ Moonမျက်မှန်လဲမို့လေ အဲ့တာဒီကိုလာရင်း ကိုသွေးကိုတွေ့မိလိုက်သလိုရှိလို့ ကျောင်းလည်းကိုသွေးကသိပ်မတက်ပဲ မသိပါဘူး moonက နာမည်တွေကြီးသွားလို့moonတို့နဲ့မခင်ချင်တော့ဘူးထင်နေတာ အဟင်း"

သူမပြောလျှင် ကျွန်တော့်လက်ကိုကိုင်ထားသော မမရဲ့လက်ကအနည်းငယ်လျော့လာကာ လက်တွဲဖြုတ်ချင်နေသည့်သဘောမှာရှိလို့ ကျွန်တော်ကပဲတင်းတင်းကြပ်ကြပ်ပြန်ဆုပ်ကိုင်ကာသူမကိုငုံ့ကြည့်လိုက်၏။ ထိုအခါ ဦးထုပ်ဝိုင်းကြီးအောက်ကမျက်လုံးတွေဟာ အရောင်တချို့စွန်းနေတာကိုတွေ့လိုက်ရ၏။

"မိတ်ဆက်ပေးဦးလေ ကိုသွေးရဲ့ ဒီက.."

"အာ ဟုတ်သားပဲ လမင်းဒါကကျွန်တော့်ကောင်မလေး မမဒါငွေလမင်းတယ့် ကျွန်တော်တို့ကျောင်းကလေ မိတ်ဆွေတွေပေါ့"

သူမရဲ့ပုခုံးအားသိုင်းဖက်လိုက်ကာ လမင်းရှေ့မိတ်ဆက်လိုက်တော့သူမကမယုံနိုင်ဟန်မျက်လုံးတွေဝိုင်းစက်သွား၏။ထို့အတူလမင်းဆီမှလည်း

"အိုး ဂေါ့ ငါယုံတောင်မယုံနိုင်ဘူးဟယ် ကိုသွေးနင့်ကြည့်ရတာ နင့်မမကိုအသေချစ်ပုံပဲ အဟင်း မမ တွေ့ရတာဝမ်းသာပါတယ် Moonကိုနောက်ခါတွေ့ရင်နှုတ်ဆက်နော် moonကမမကိုမမြင်ဖူးလို့မသိပေမယ့်moonကိုတော့နှုတ်ဆက်မယ်မလား "

"ဟို အင်း "

သူမကလက်ခံလိုက်လျှင်အရှေ့က လမင်းကပျော်ရွှင်သွားကာ ပြုံးလိုက်ပြီး

"ဟဲ့ကိုသွေး နင်သတင်းထောက်တွေဆီကသတိထားဦး နင့်မမကြည့်ရတာ နည်းနည်းစိုးရိမ်တတ်ပုံပဲ သိလား"

လမင်းက ကျွန်တော့အားကပ်တိုးလေးလာပြောသည်။

"အေးပါ မစိုးရိမ်ပါနဲ့ ဒါနဲ့နင်ရော တစ်ယောက်ထဲလား"

Differences (Completed)Where stories live. Discover now