တစ်လဆိုသောအချိန်ကာလအတွင်းမှာသူမက အနည်းငယ်စိတ်တို့တည်ငြိမ်သွားပြီဖြစ်၏။
"မမ ဒီနေ့ Showပွဲရှိတယ် လိုက်ခဲ့မလား ဟင်"
ကျွန်တော်က မနက်စာစားရင်းခရင်မ်တချို့ပေနေသည့်သူမရဲ့နှုတ်ခမ်းဘေးအားသုတ်လိုက်ကာပြောလိုက်၏။
"အင်း "
ကျွန်တော်ဝမ်းသာသွားရသည်။ သူမမငြင်းခဲ့ဘူး။
"ဒါဆိုကျွန်တော်တို့ပြင်ဆင်ကြရအောင် "
သူမက ကျွန်တော့်အားအလှဆုံးပြုံးပြပြီးခေါင်းညိတ်ပါ၏။ သူမဆံပင်တို့အားဖွဖွပွတ်လိုက်ရင်း အပြင်သွားရန်အတွက် အဝတ်စားများစီစဥ်ပေးလိုက်၏။
ရွှေအိုရောင် ဂါဝန်ရှည်လေးနဲ့သူမဟာ ဆံပင်တို့အား ခပ်မြင့်မြင့်ထုံးထား၏။ အရှေ့တွင်ကျနေသော ဆံနွယ်ရှည်၂ချောင်းဟာ လှပသောသူမအားပံ့ပိုးထား၏။ ခပ်ပါးပါးလိမ်းခြယ်ထားသောသူမမျက်နှာမှမိတ်ကပ်တချို့သည် ထိုမျက်နှာလေးပေါ်မရောက်တာတောင်ကြာပြီဖြစ်၏။ကျွန်တော့်အတွက်ကတော့မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်းသူမကလှပြီးသားဖြစ်၏။ စစ်မှန်တယ့်သူမရဲ့အလှတရားဟာ ကျွန်တော့်အား အချစ်တို့ပြည့်သည့်မျက်ဝန်းများဖြင့်ကြည့်ပြီး အမြဲကြည်လင်သောအပြုံးတို့ဖြင့်တွန့်ကွေးတတ်သည့် နှုတ်ခမ်းပါးလေးဖြစ်၏။ ကျွန်တော့်ကိုချစ်တယ့်အချစ်ရိပ်သန်းနေသောသူမ၏အပြုမူတိုင်းဟာလှတာဖြစ်၏။ သို့ပေမယ့် ကျွန်တော့်အားဒေါသထွက်ပြီးဆူပူချိန်တောင်ဘာလို့များသူမကကျွန်တော့်မျက်လုံးထဲလှမြဲလှနေရတာလဲ။ သူမ၏လူအများမမြင်နိုင်သောပုံရိပ်မှန်သမျှအားကျွန်တော်ကမြင်နိုင်သူဖြစ်၏။
တခါတလေ ကျွန်တော့ရှေ့ လေချဥ်တတ်လျှင်တတ်မည်။ တခါတလေ ကျွန်တော့်ရှေ့ လေလည်လျှင်လည်မည်။ တခါတလေ ကျွန်တော့်ရှေ့တွင်ဘီလူးမလေးလိုအစားသောင်းကျန်းမည်။ တခါတလေ အာပြဲကာ အော်ရယ်မည်။ တခါတလေ ရုပ်ဆိုးစွာအော်ငိုမည်။ တခါတလေ ဓမ္မတာကြောင့်ကိုက်ခဲမှုတွေကြားကရှုံ့တွတွညည်းညူနေမည်။ တခါတလေ အိပ်နေရင်းပါးစပ်ကလေးဟကာ သားရည်ကျချင်ကျနေမည်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး