"ကျွန်တော်တို့သင်္ချာမိသားစုမှာထူးထူးခြားခြား ပွဲတွေမတက်ဖြစ်တယ့်ကျွန်တော့ ဂျူနီယာလေးတစ်ယောက်ရှိတယ် ဝိုး ဒီနှစ်ကတကယ်ထူးထူးခြားခြားပဲဗျာ အခုအဲ့ဂျူနီယာလေး စင်နောက်မှာရောက်နေပြီ ပွဲလာတက်လို့ထူးခြားတာမဟုတ်ဘဲ ခုသီချင်းဆိုဖို့ပါစာရင်းပေးထားတာဗျာ အေးဆေးRollingတစ်ကိုယ်ထဲနေတတ်တယ့် တတိယနှစ်က သာကီသွေး!"
Hostကပဲမိတ်ဆက်တော်လို့လားမသိ လက်ခုပ်သံတွေညံနေရော။ အဟက် အခုမှ သူမပြောတယ့် ကျွန်တော်လူငယ်ဘဝမှာအပြည့်ဝမခံစားပဲနေခဲ့တာကိုသတိရတယ်။ ကျွန်တော်ပေါင်းတယ့်သူငယ်ချင်းအနည်းငယ်လောက်နဲ့ပဲ ကျွန်တော်ကအချိန်ဖြုန်းပြီး လက်ချာချိန်တွေဆိုလည်း နောက်ခုံတွေမှာသာ တစ်ကိုယ်ထဲထိုင်လေ့ရှိတယ်။ ဆရာထွက်တာနဲ့ ကျွန်တော်ကအတန်းထဲကပျောက်သွားပြီပဲ။
-ဝိုး ချောတယ်ဟ-
-ဟဲ့အရပ်ကြီးကရှည်လိုက်တာ ဝါး ထင်းနေတာပဲ oppaရေ ချစ်မိသွားပြီ-
-ဟဲ့တတိယနှစ်တယ့် ငါတို့မမြင်ဖူးပါလား ဆင်လိုက်တာဟယ် ကမငါ့ကိုရိုက်လိုက်စမ်းတစ်ချက်လောက်-
-ကိုကြီး typeကြီး မရတော့ဘူး သာကီသွေးတယ့်ငါတော့ခိုက်ပြီ ကြည့်ပါဦး ထင်းလင်းနေမှုကြီး-
အောက်ကကျစ်စီကျစ်စီနဲ့ထွက်လာတယ့်အသံတွေကြောင့် နည်းနည်းမရဲတရဲနဲ့စင်ပေါ်မှာအခက်တွေ့နေတယ့်ကျွန်တော်ဟာ အနည်းငယ်စိုးရိမ်စိတ်တို့ဖြစ်နေသည့်ကြားမှ လူကြားထဲ သူမကိုများတွေ့မလားလို့ရှာမိသေးသည်။
"ဟေး ပရိတ်သတ်တို့အားပေးကြမ်းချက် ဒီမှာရှက်နေပြီ ဖြည်းဖြည်း ဖြည်းဖြည်း"
"Worrr"
အောက်ကအသံတွေက ကျယ်လောင်စွာထွက်လာပြီးလျှင်
"ဟေး တိတ်ကြ ငါ့ကောင်လေးရှက်နေပြီ"ဆိုတယ့်ဘယ်ကထွက်လာမှန်းမသိတယ့်အသံကြောင့်အားလုံးရယ်မောရသေးသည်။ ကျွန်တော်လည်းပျော်ပေမယ့် အနေခက်ကာ ဂုတ်ပိုးပွတ်ကာ ပြုံးပြလိုက်ပါသည်။
"တို့နိုင်ငံမှာ အာ မဟုတ်ဘူး တို့ကျောင်းမှာတင် နိုင်ငံရဲ့ နတ်ဘုရားရှိနေတာ မသိခဲ့တာ ငါUniကျောင်းသူမပီသတော့ဘူး အပြုံးလေးကတင်ကြွေတယ်ကွာ "
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး