ch16

16.9K 468 14
                                    

Unicode

"ဟေး ဘာငိုင်နေတာလည်း သွားမယ်လေ"

ကိုယ့်ရဲ့ပြောစကားကိုအဲ့ကောင်လေးကအနည်းငယ်အံ့အောနေပုံနဲ့ကြည့်သည်။ ထို့နောက်သူ့မျက်နှာမှာရွှင်ပြလာတယ့်အရိပ်ယောင်တွေနဲ့။

"မ.. မမတကယ်ပြောနေတာလား"

မျက်လုံးများအရောင်လက်နေသောအဲ့ကောင်လေးက တကယ်လူကောင်နဲ့မလိုက်ပါ။

"အော်တကယ်ပါဆို မင်းမလိုက်လဲရတယ်နော် တို့တစ်ယောက်ထဲ သွား.."

"အဟဲ အဲ့လိုမနောက်ပါနဲ့မမရယ် ကျွန်တော်က စားချင်နေတာကြာပြီ "

ကိုယ့်စကားကိုကောင်လေးကရယ်မောကာပြောလည်းပြော ကားပေါ်အမြန်ပင်တက်လာပါသည်။

မနေ့ညကကိုယ့်ရဲ့ရည်းစားအဖြစ် ၁လလုပ်ပေးမယ်ဆိုသောဒီကောင်လေးက တကယ်ကို အဟမ်း.. ခန့်ပြီး ပျိုမျစ်ကာချောလွန်းပါသည်။ အသားဖြူဖြူမှာမှ တောင့်တင်းသောကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားပြီး ဘာမှမသိတယ့်ကလေးတစ်ယောက်လိုစိတ်မျိုးလည်းရှိတတ်ပါသေးသည်။ အထူးသဖြင့် ကိုယ့်အပေါ်ဘာအခွင့်အရေးမှမယူတာမျိုး၊ ကိုယ့်ကိုအထင်သေးရှုတ်ချတာမျိုး မရှိပါ။ ဒါ့အပြင် ကိုယ့်အပေါ်အမတစ်ယောက်လိုအပြင်ကပြန်လာလျှင်လည်းဂရုတစိုက်ရှိပေးတတ်သေးသည်။

တကယ်ပြောရလျှင် ကိုယ့်ဘဝမှာအဲ့လိုစိတ်ရင်းနဲ့ဂရုစိုက်မှုမျိုးတွေမခံစားရပါ။ကိုယ့်မိဘတွေဆုံးပါးသွားထဲကပေါ့။

"မင်းမနက်စာအဖြစ်အကြိုက်ဆုံးကဘာလဲ"

မနက်ကထမင်းဝိုင်းမှာကိုယ်ဒီကောင်လေးကိုဒီတိုင်းမေးလိုက်တယ်။ ကိုယ့်လိုမအားတယ့်သူကတော့ အလွယ်တွေပဲစားတတ်တယ်လေ။ ပြောရရင် ကိုယ်က အတ္တကြီးသလိုများဖြစ်နေမလားမသိဘူး။ သူ့ကိုတခြားသူတွေသိသွားမှာစိုးလို့ အပြင်ကိုထွက်ခွင့်မပြုဘူး။ဒါကကိုယ့်ရဲ့သိက္ခာအရဆိုလည်းဟုတ်တယ်။ ပြီးတော့ အဲ့ကလေးဘာကြိုက်လည်းမကြိုက်လည်းကိုယ်တခါမှမမေးဖူးပါ။ ကြုံရာသာအမြဲဝယ်လာတတ်တယ့်ကိုယ့်ကိုလည်း စောဒကမတက်ရဲခဲ့ပါ။ တစ်အိပ်ရာထဲအိပ်ခဲ့တာတောင်ဘာအခွင့်ရေးမှမယူတယ့်အတွက် ဒီကောင်လေးကိုကိုယ်တကယ်သဘောကျပါသည်။

Differences (Completed)Where stories live. Discover now