ကိုယ်အိမ်ပြန်ရောက်တော့ ညနေ၆ခွဲကျော်ပြီ ပြောရရင် ၇နာရီထိုးခါနီးလေးပဲ။ တံခါးလည်းလာမဖွင့်ပေးဘူး။ ကံကောင်းတာက ကိုယ့်မှာ အပိုရှိနေတယ်လေ။ ကြည့်ရတာဒီချိန်ထိဒီကောင်လေးအိမ်ပြန်မရောက်သေးဘူးလား။ ဘာတွေဖြစ်နေတာပါလိမ့်။ အရင်ကဒီလိုမဟုတ်ပါဘူး။ ကိုယ့်ကိုဆီးကြိုနေတယ့် ပိတ်ထားတယ့်အိမ်တံခါးကြောင့်ကိုယ့်မှာ အတွေးများရပြီ။ ဒါနဲ့ဖုန်းကိုထုတ်ပြီး ခေါ်ကြည့်လိုက်ရတော့တယ်။
"တီ တီ တီ..လူကြီးမင်း..."
ဟင် ကိုင်လဲမကိုင်ဘူး။ လူကခုထိအိမ်ထဲမဝင်ရသေး။ ဒီနေ့ပြသနာတော်တော်များတာပဲ။ ထပ်ခေါ်သည်။ မကိုင်။ နောက်တခါတွင်တော့ ဖုန်းကိုကောင်လေးကကိုင်လိုက်ပါသည်။
"ဟယ်လို ကီ ကီမင်းဘယ်ရောက်နေတာလဲ "
ကိုယ့်ရဲ့အမောတကော စိုးရိမ်သံကို ကောင်လေးရဲ့ ပြန်ဖြေတယ့် အိပ်ချင်မူးတူးသံလေးတွေကချိုးဖျက်လိုက်ပါသည်။
"Hmm အမ် မမလား.. ကျွန်တော်...အိမ်ပြန်ရောက်နေတာ .."
"မင်းအိပ်ပျော်နေတာလား ကီ ခုဘယ်နှနာရီထိုးပြီထင်လည်း "
"ဗျာ ! ဟာ ဟုတ်သား ဆောရီးမမ ကျွန်တော်အမြန်ပြန်ခဲ့ပါမယ် ခ ခနပဲနော်"
ခုနကနဲ့ခြားနားစွာ လုံးဝနိုးကြားသွားပုံနဲ့ အသံက အပြင်မှာပျာယာခတ်နေမှာမှန်းဒီထဲကတောင်ရိပ်မိနိုင်သည်။
"အွန်း ပြီးရော ဆိုင်ကယ်ဖြည်းဖြည်းမောင်း တို့မှာသော့ပိုရှိတယ်"
"အာ ဟုတ်မမ"
ကြည့်ရတာဒီကောင်လေးက သူသော့ခတ်ထားမိလို့ပိုစိတ်လှုပ်ရှားသွားပုံပါပဲ။
______
ကောင်လေးကခုထိပြန်မလာသေးပေ။ ကိုယ်ရေချိုးခန်းထဲကမှန်မှာ ထင်ကျန်နေတယ့်ကိုယ့်ပုံရိပ်ကိုကိုယ်ကြည့်နေမိသည်။ ဖန်မနီချို မင်းအသက်၂၉နှစ်ထိနေနိုင်ခဲ့ပြီးပြီလေ။ မင်းသူ့ဆီကနေ လွတ်အောင်အကြာကြီးလုပ်ခဲ့ပြီးပြီပဲ။ မင်းရှောင်လွှဲမရတာတွေအတွက် မင်းဘယ်သူ့ကိုအပြစ်တင်မလဲ။ ဟိုမိန်းမကိုလား။ ဟိုမိန်းကလေးကိုလား။ ဒါမှမဟုတ်အဲ့ယောက်ျားကိုလား။ နောက်ဆုံးကိုယ့်ကိုကိုယ်လား။ အရင်လိုသာဆို ဘယ်လိုလုပ်မိမယ်မှန်းမသိပေမယ့် အခုကတော့ မတူတော့ဘူး။ ကိုယ်ကအခု ဒီကောင်လေးရှိနေပြီ။ ဒီကောင်လေးဘဝကိုတတ်နိုင်သလောက်မြှင့်တင်ပေးရမယ်။ ဒီနေ့ကျောင်းမှာကြားခဲ့ရသလောက် ဒီကောင်လေးမှာသူ့ကိုယ်ပိုင်ဘဝရှိသည်။ သူနဲ့ရွယ်တူသဘောကျရတယ့်မိန်းကလေးရှိသည်။ ကိုယ်ကတော့ ကိုယ်ကတော့ ဒီတိုင်း ဘာမှမဟုတ်တယ့် တစ်နှစ်အတွင်းဆက်ဆံရေးပဲ။ အကယ်၍ကိုယ်လိမ်ထားတာတွေသာဒီကောင်လေးသိသွားခဲ့ရင်ရော။ ဟား ကိုယ့်ကိုရွံရှာသွားမှာပဲ။ ပြီးတော့ ကိုယ်နွေးထွေးမှုတွေဆုံးရှုံးရမည်။ ကောင်လေးဆီမှာ ကိုယ့်ရဲ့ပထမဆုံးအထိတွေ့တွေကိုအပ်နှင်းပေးထားခဲ့ပေမယ့် ကိုယ့်ကိုချစ်မိနေတယ်လို့ကောင်လေးကဝန်ခံထားခဲ့ပေမယ့် ကိုယ်ဟာ မကြာခင်အသက်၃၀ပြည့်တော့မည့်သူတစ်ယောက်။ ကောင်လေးထက် ၇နှစ်လောက်ကြီးသည့်သူ။ အသက်ရွယ်ကွာခြားချက်အရ ကောင်လေးက ကိုယ့်ကို ဘယ်လောက်ထိ ဂရုစိုက်ပေးနိုင်မှာလဲ။ ကိုယ်ကအရင် အသက်အရွယ်ရပြီး အိုသွားရမယ့်သူ။ ကောင်လေးက အရွယ်ကောင်းနဲ့တက်လမ်းအများကြီးရှိသူ။ မလိုက်ဖက်ပါဘူး။ ကိုယ်တို့ကခြားနားလှပါတယ်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး