"မမလေး ဦးရန်ညီရောက်လာပါတယ် အဲ့တာဟို .."
"ကျစ် ငါမအားဘူးလို့ပြောလိုက်"
ဒီနေ့မှရာသီဥတုကသာယာနေပြီး ကောင်လေးက ညကျရင်ကိုယ့်အတွက် အထူးညစာပြင်ထားမှာမို့အလုပ်စောစောပြန်ခဲ့လို့ မနက်က Puppy eyesလေးတွနဲ့တခါ၊ demon eyesတွေနဲ့တခါ တလှည့်စီ ကိုယ့်ကိုစိတ်ပျော့အောင်ပြောထားတာမို့ ကိုယ်က ကတိပေးခဲ့ပြီးသား။ ဒါ့အပြင် ဒီနေ့ ကောင်လေးကိုသတင်းကောင်းပြောပြရမှာမို့ကိုယ့်စိတ်တို့ကြည်လင်နေခဲ့တာ။ အခုတော့ ကိုယ့်staffလေးရဲ့စကားကြောင့်စိတ်တို့နောက်ရပြီ။ မြန်လှချည်လား။ ရောက်တာတပတ်မပြည့်သေးပဲ ကိုယ့်ဆီလာတယ်။ ဘာတွေနှောင့်ယှက်ဦးမလို့လဲ။ ကိုယ့်ရဲ့ မာဆတ်ဆတ်အပြောကြောင့်staffမလေးက တွန့်ဆုတ်ဆုတ်ဖြင့်တံခါးကိုပြန်ဖွင့်လိုက်ပေမယ့် ချက်ချင်းမထွက်သွားသေးဘဲတံခါးဝမှင်သက်ကာကြောင်တောင်နေတာကြောင့်
"မာလာ အဲ့မှာဘာ..."
ကိုယ့်စကားတို့က အခန်းထဲဝင်လာသော ပြောင်လက်နေသော အနက်ရောင် ရှူးထိပ်နဲ့အတူ ကြောက်စရာကောင်းလှအောင်ပြုံးနေသော ယောက်ျားတစ်ယောက်ကြောင့် ထိတ်လန့်စွာရပ်တန့်၏။
"ဟော Sweetie ဘာလို့အဲ့လောက်လန့်နေတာလဲ အဟက် "
အဲ့ယောက်ျားရဲ့ ကြည်လင်တယ့်အသံအဆုံးမှာ Staffလေးကလည်းကြောက်လန့်လန့်နဲ့အခန်းထဲကထွက်သွားပြီဖြစ်သည်။
အဲ့ယောက်ျားက ဖြောင့်မတ်သောအရပ်အမောင်းကြောင့်ရှည်နေသောခြေထောက်တို့အားကိုးနဲ့ကိုယ့်အနားကိုခြေလှမ်းအနည်းငယ်နဲ့ပဲရောက်လာခဲ့တယ်။ အခုထိ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲပြီး အတင့်ရဲတာမပြောင်းလဲသေးဘူးကိုး။
"ဟေး ကြောင်ကြည့်နေတာရပ်တော့ ကိုယ်ကသရဲမဟုတ်ဘူး "
"အို ရှင်ကကျွန်မအတွက်တော့သရဲထက်ဆိုးတယ် ဒါနဲ့နေပါဦး ကျွန်မရှင့်ကိုတွေ့ချင်တယ်လည်းမပြောမိပါဘူး ဘာလို့အတင်းဝင်လာတာလဲ "
အဲ့ယောက်ျားက ကိုယ့်ရှေ့က ဆိုဖာပေါ်ခြေချိတ်ထိုင်နေပြီး လက်တစ်ဖက်ကနားထင်ကိုထောက်ကာ ကိုယ့်ကိုမုန်းစရာကောင်းလောက်အောင်ရွှန်းရွှန်းစားစားကြည့်၏။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး