ch12

16.6K 541 9
                                    

Unicode

ကိုရီးယား Spicyခေါက်ဆွဲထုပ်တစ်ပါကင်ရယ်၊ကြက်ဥ ၊ပေါင်မုန့် ၊နွားနို့ပုလင်းစတာတွေကိုရေခဲသေတ္တာထဲကျွန်တော်ထည့်လိုက်သည်။

ကျွန်တော့်နေ့လည်စာကိုခင်ဗျားတို့စိတ်ဝင်စားတယ်မလား။ဟုတ်ပါတယ် ကျွန်တော်ဒီအိမ်စရောက်ထဲက ညနေစာကိုတော့သူမကဝယ်လာလေ့ရှိပြီးအတူစားသောက်လေ့ရှိသည်။နေ့လည်စာကတော့မခက်ပါ သူမကစားသောက်ဆိုင်တစ်ဆိုင်နဲ့ချိတ်ပေးထားတယ်လေ။ နေ့ခင်းအချိန်မှန်သူတို့ကလာပို့လေ့ရှိတယ်။ ကျွန်တော်ကအစပ်အကြိုက်ကြီးမဟုတ်ပါဘူး။ ဒါပေမယ့်သူမကတော့မတူဘူး။ ဒီခေါက်ဆွဲခြောက်ထုပ်တွေကအလွန်ဆုံးခံ မှတစ်ပတ်ပဲ။သူမက
တခါတလေ အလုပ်ပြီးရင် ညလယ်စာစားလေ့ရှိသေးတယ်။ မအိပ်ခင်အစားစားတာမကောင်းဘူးလို့ကျွန်တော်ပြောချင်ပေမယ့်လည်း

:ဦးနှောက်များများသုံးရလေ ဗိုက်ပိုဆာလေမလား:

ဒါ့ကြောင့် သူမစားတာကိုဘာမှမပြောရဲဘဲ သူမစားချင်တယ့်အချိန်ကျွန်တော်ကပြုတ်ပေးရုံပါပဲ။ သူမတင်ပဲလားမဟုတ်ပါဘူး။

-ကီ မင်းလည်းစား တို့တစ်ယောက်ထဲစားရတာမတရားဘူး-

ဟုဆိုကာလူကိုပါအတင်းကျွေးတတ်သေးသည်။

-ရတယ်မမ ကျွန်တော်ဗိုက်တင်းနေပြီ-

ဟုပြောလည်းမရပါ။ အဲ့အချိန်မျိုးဆိုသူမကကျွန်တော်ကြောက်အောင်ကို ရုပ်တည်ကြီးနဲ့စိမ်းစိမ်းကြီးစိုက်ကြည့်တတ်သည်။ နောက်ဆုံးမတတ်သာတော့လည်းစားရတာပါပဲ။ ပထမတစ်လုတ် နှစ်လုတ်ဘာမှမဖြစ်သေး သုံးလုတ်မြောက်ဆိုရင်တော့ မျက်ရည်တွေဝဲနေပြီ ။ကျွန်တော့်ရဲ့အဲ့ပုံကိုပဲသူမကပြုံးကာကြည့်နေတတ်သည်။ ထပ်စားဖို့အင်တင်တင်ဖြစ်နေတယ့်ကျွန်တော့်ကို သူမကပြုံးကာ

-စားပါ ကီရဲ့ များများစား-

ဟုပြောကာ ကျွေးတတ်ပါသေးသည်။ နောက်ဆုံးစပ်လွန်း၍မခံမရပ်နိုင်အာင်ကျွန်တော်မျက်ရည်ကျကာ ရေအလူးအလိမ့်သောက်ရချိန်မှာတော့သူမကဟက်ဟက်ပက်ပက်ရယ်မောကာ ကျွန်တော့်ကို

-ဒီလောက်လေးတောင်မစားနိုင်ဘူးလား မင်းကအရမ်းနုတာပဲ"

ဟုပြောလေ့ရှိပေမယ့် နောက်အခါတွေလည်း ထပ်ကျွေးတုန်းပါပဲ။တကယ်သူမက အကျင့်ပုတ်တယ့်စုန်းမကြီး လိုပဲ အဲ့အချိန်မျိုးမှာကျွန်တော့်အတွက်တော့။ မနက်စာအတွက်ကတော့ ကော်ဖီမှုန့်ပုလင်းထဲကနေ ဖျော်ထားတယ့်ကျွန်တော့အတွက် ကော်ဖီရယ် သူမကတော့မနက်ခင်းနွားနို့တစ်ခွက်ရယ် တူညီတာက နေ့တိုင်းနီးပါး ပေါင်မုန့်ကိုအမျိုးမျိုးလုပ်စားရတာပင်။အမှန်တော့ဒါတွေကကျွန်တော့်အကြိုက်မဟုတ်ပါဘူး။

Differences (Completed)Where stories live. Discover now