ch8

19.5K 519 14
                                    

Unicode

"တို့ မင်းအတွက်မှာထားတယ့်အဝတ်စားတွေလာမပို့ပေးဘူးလား ကီ"

သူမကညစာစားရင်းကမေးလာတာဖြစ်သည်။ ဒီနေ့တော့ သူမကြည့်ရတာ မနေ့ကထက်အနည်းငယ်ရွှင်ပြနေပုံပင်။ နှစ်ယောက်စာဝယ်လာသောစားစရာများက ထမင်းဝိုင်းပင်ပြည့်နေ၏။

"ပို့ပေးပါတယ်မမ "

ကျွန်တော့်ပြန်ဖြေသံမှာသူမက မျက်ခုံးကြုံ့လိုက်ပြီး

"ဒါဆိုဘာလို့မဝတ်တာလဲ မင်းရဲ့ဒီအင်္ကျီအပေါစားတွေကိုအရမ်းကြိုက်နေတယ်ပေါ့"

ကျွန်တော်မှားတာ ။ဟုတ်တယ် ငါပဲမှားတာ ဒီမိန်းမမှာ ဒီလို အဆင့်တန်းခွဲတတ်တယ့်စိတ်သဘောထားရှိတယ်ဆိုတာမေ့သွား
တယ့်ကျွန်တော်ပဲမှားတာ။

"မဟုတ်ပါဘူး အဲ့တာတွေကအရမ်းကောင်းနေလို့ ဒါ့ကြောင့် ကျွန်တော်မဝတ်ရက်တာပါ"

ကျွန်တော့်အဖြေမှာသူမဆီကသက်ပြင်းသံသဲ့သဲ့ကြားသည်။

"ရတယ် အဝတ်ဆိုတာသစ်ပြီးဟောင်းမှာပဲ ဝတ်လိုက် ပြောရရင် မင်းကတို့မောင်လေးအရွယ်ပဲ တို့ကိုမင်းအမလို့သဘောထားပြီး အမဝယ်ပေးတာကိုဝတ်လိုက်"

သူမကပြောပြီးစားလက်စကိုလက်စသတ်ကာ ထထွက်သွားသည်။ ကျွန်တော်လည်းရုတ်တရက်လေသံပျော့လေးဖြစ်သွားသောသူမကိုနားမလည်နိုင်။ဒါပေမယ့်ပန်းကန်တွေသေချာသိမ်းဆည်းပြီးတော့ အချိုတည်းဖို့ သစ်သီးတွေခွဲကာ သူမရှိလောက်မယ်ထင်တယ့် ဧည့်ခန်းကိုဝင်သွားလိုက်တယ်။

ဟိုရောက်တော့သူမကသူထင်သလိုရှိမနေသလိုဇာတ်ကားလည်းကြည့်မနေပါဘူး။ဒါပေမယ့် ဧည့်ခန်းရဲ့ ဟိုဘက်က ဝရံတာလိုထုတ်ထားတယ့် နေရာမှာလိုက်ကာစလေးတွေလွင့်နေပြီး လရောင်ရဲ့အရိပ်ကျနေမှုကြောင့်တစ်ယောက်ယောက်ရှိနေတယ်ဆိုတာသိနိုင်သည်။ ဘန်ဂလိုပုံတစ်ထပ်တိုက်ပုံလေးပေမယ့် အပန်းဖြေဖို့ ဝရံတာလေးထုတ်ထားကာ ထိုနေရာကိုမြက်ခင်းတုများနဲ့ကြမ်းခင်းလုပ်ထားကာ စားပွဲတစ်လုံးနဲ့ကြိမ်ထိုင်ခုံ၂လုံးလည်းရှိလေသည်။အလှပန်းအိုးတစ်ချို့လည်း ဘေးတစ်ဖက်ခြမ်းမှာရှိသလို သစ်ခွပင်တစ်ချို့လည်း တွဲလဲကျနေ၏။

Differences (Completed)Where stories live. Discover now