ch33

15.3K 398 33
                                    

"စားလို့ကောင်းလိုက်တာ တကယ်သိလားကီ ဒီလိုချိန်ပူပူနွေးနွေးလေးတွေသောက်ရတာတကယ်ကြိုက်တယ် .ကျေးဇူးပါရှင့်"

သာကီသွေးဆိုသောဒီကလေးက တကယ်ထူးချွန်လွန်းသည်။ သီချင်းဆို၊ဟင်းချက် သြော်အစုံပဲ။ ဒါတောင်ကိုယ်ကဒီကလေးအကြောင်းသိပ်မသိသေးလို့ဖြစ်နိုင်၏။
ခုလည်းချက်ထားတယ့် ကြက်စွပ်ပြုတ်လေးကတကယ်ကိုကောင်းမွန်တယ့်လက်ရာပင်။ မုန်လာဥနီလေးတွေ၊ ကြက်သွန်မြိတ်လေးတွေအပြင် တခြားအရွက်စိမ်းလေးတွေကလည်းပါသေးသည်။ အရွက်ကလုံးဝနူးကရိခြင်းဖြစ်မနေတာကြောင့်တကယ်ပင် ခါကြက်ဥ၏ ချိုမြမြအရသာ၊ကြက်သား၏မွှေးပျံ့ပြီးချိုတယ့်အရသာ၊ ကြက်သွန်မြိတ်၏ မွှေးပျံ့သောအရသာ၊အရွက်တွေ၏နဂိုစိမ့်သောအရသာ ။ ဒါတွေကို ရောထားတယ့် စွပ်ပြုတ်က ရောင်စုံလေးနဲ့ အငွေ့တထောင်းထောင်းကရတယ့်အနံ့နဲ့တင် ဗိုက်ကို၂ဆဆာစေနိုင်သည်။ အနံ့တင်မဟုတ်အရသာကလည်း လုံးဝသဘာဝအတိုင်းကိုမှအနည်းငယ်သာဖြည့်စွက်ထားသည့်ဟန် လုံးဝ ချိုမြိန်ကာ သောက်ပြီးရင်းသောက်ချင်သည်ထိစွမ်း၏။ ကောင်လေးက ခေါက်ဆွဲပြုတ်ပေးထားပြီး ကိုယ်လိုသလောက် ခေါက်ဆွဲကိုပါ ယူထည့်စားလိုက်သောအခါမှာတော့ တကယ်ကိုယ့်အတွက်တော့လုံးဝနွေးထွေးပြီး ကိုဟ်အကြိုက်ဆုံး ကြက်စွပ်ပြုတ်ခေါက်ဆွဲပင်ဖြစ်၏။

ကိုယ့်ရဲ့အပြောမှာ ကိုယ့်လက်က ခေါက်ဆွဲပန်းကန်ဆီထပ်ရောက်နေပြီဖြစ်၏။ ကောင်လေးက ပြုံးနေပြီး ကိုယ့်အတွက်ဟင်းရည်ထပ်ထည့်ပေး၏။

"ကြည့်ရတာမမတကယ်ကြိုက်တယ့်ပုံပဲ အဟွန်း ကြိုက်တယ်ဆိုလို့ ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ဗျ အသားများများစား အားရှိအောင်လို့"

ကောင်လေးက ကိုယ့်အတိုင်းခေါင်းငဲ့ကာပြုံးတုံ့တုံ့နဲ့ကျေးဇူးစကားဆို၏။ အူယားစရာလေး။ ခက်ပြီကိုယ်တော့ ဒီကောင်လေးဘာလုပ်လုပ်သဘောကျနေမိတော့တာပဲ။ မဟုတ်မှ.....။ ငါ.ဒီကောင်လေးကို...ကြိုက်နေတာလား!...။ အာ...မဖြစ်နိုင်ပါဘူး။ စိတ်ထင်လို့ပါ ။ အဟင်း....ကိုယ်နဲ့ဒီကောင်လေးရဲ့ဆက်ဆံရေးက ဒီတိုင်း..အင်း..ဒီတိုင်းပါပဲ။ ဟုတ်ပါတယ် ...သိပ်မကြာခင်အချိန်တွင်းပျက်ပြယ်ကြရမှာပဲလေ။ ကောင်လေးက ကိုယ့်ထဲအသားဖက်များများထည့်ပေး၏။ ပြီးတော့

Differences (Completed)Where stories live. Discover now