ဒီရက်တွေမှာ သာသာယာယာနဲ့ပဲသူမနဲ့ကျွန်တော်ရှိနေ၏။ ရက်တွေကပုံမှန်တိုင်းပါပဲ။ဒါပေမယ့် သူမနဲ့အတူမို့ပိုလှ၏။
"ကီ ထတော့ ကီ ကောင်လေး ထတော့လို့..."
အိပ်နေရင်း ခပ်ဆတ်ဆတ်အနှိုးခံလိုက်ရတာကြောင့် အိပ်မက်ထဲက လက်ထပ်ပွဲလေးဟာပျက်စီးသွားရ၏။ စိတ်ထဲမကောင်းပေမယ့်လဲ ညည်းညူသံတချို့ပြုပြီး မျက်လုံးကိုအတင်းဖွင့်ယူရ၏။
"အစောကြီးရှိသေးတယ်လေမမရယ်...ဘာဖြစ်လို့လဲ..ဟမ်..."
"မစောတော့ဘူး ထပါဆို ကီကလည်း ဒီနေ့ကအထူးနေ့ ထနော် လိမ္မာတယ် မွ"
သူမကကျွန်တော့်ကိုအတင်းဆွဲထူကာ နှုတ်ကလည်းပြော ပြီးတော့ အသံမြည်အောင်လဲနမ်းရှိုက်၏။
"ပြီးရော နိုးပြီ နိုးပြီ ပြောမမဘာလုပ်ချင်လို့လဲ"
ကျွန်တော်ကမျက်လုံးတွေကိုပွတ်ပစ်လိုက်ပြီး တိုင်ကပ်နာရီက ၄နာရီဆိုတယ့်အချိန်ကိုသာလှမ်းကြည့်ပြီးမှာတော့ သူမဘက်လှည့်ကာမေးလိုက်တယ်။ သူမမျက်လုံးလေးတွေက အိပ်ချင်မူးတူးဖြစ်နေသေးတယ့်ကျွန်တော့်မျက်လုံးထဲမှာတောင် အခန်းမီးရောင်နဲ့အတူစိတ်အားတက်ကြွနေမှုက လက်ဖြာ၏။
"ပြီးရင်သိမှာပေါ့ အခုထ မျက်နှာသစ် ရေချိုးတော့ မြန်မြန်နော် အဝတ်စားကိုမင်းဆီကအရောင်မထွက်ဆုံးကိုပဲဝတ်လာခဲ့ကြားလား တို့လည်းရေချိုးတော့မယ် "
သူမကပြောလည်းပြောမှာလည်းမှာ ကျွန်တော့ကိုလည်း တံခါးဝဆီတွန်းပို့ပြီး ခုထိနားမလည်နိုင်သေးဘဲတွန့်ဆုတ်ဆုတ်ဖြစ်နေတယ့်ကျွန်တော့်ကိုကြည့်၏။ ကျွန်တော်တကယ်နားမလည်နိုင်ပါ။ ဆောင်းရာသီ၏ ဝေလီဝေလင်းမနက်၄နာရီကြီးရေထချိုးခိုင်းတယ့်မမကို။
"ကဲသွားပါတော့ဆို အာဘွား ဟုတ်ပြီလား"သူမကခြေဖျားထောက်ပြီး ကျွန်တော့ပါးကိုမောနင်းkissလှမ်းပေးအပြီးမှာတော့ တံခါးကိုပိတ်ချလိုက်၏။ ကျွန်တော်လည်းပြန်လည်နမ်းချင်မိသော်လည်း သူမကတံခါးပိတ်ချလိုက်တာကြောင့် သူမပြောတယ့်အတိုင်းလုပ်ရန်သာဦးတည်လိုက်တော့တယ်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး