Fankyပိုင်ရှင် ဒေါ်ဖန်မနီချို၏ လျှို့ဝှက်ထားသော ကောင်လေးက ဘယ်သူဖြစ်နိုင်လဲ
သတင်းခေါင်းစည်းကြီးနဲ့တကွ သူမရဲ့ဖြေကြားချက်တွေအားဖတ်လိုက်ရတယ့်ခန ကျွန်တော့်ခေါင်းဟာ မိုးကြိုးပစ်ချသွားသလိုပါပဲ။ ကျွန်တော်မှားသွားပြီလား ။
တကယ်ဆို သူမကိုအဲ့နေ့ကအဲ့လိုမဆက်ဆံလိုက်သင့်ဘူး။ ကျွန်တော့်ကိုကျွန်တော်မထိန်းချုပ်နိုင်လိုက်တာ။ ကျွန်တော်အရမ်းအတ္တကြီးမိသွားတာ။သူမက အဲ့နေ့အပြီးမှာ ၂ရက်ဆက်တိုက်အဖျားကြီးဖျား၏။ ရိုက်ကူးရေးတွေဖျက်ပြီးသူမကိုပဲပြုစုနေမိတယ်။ သို့ပေမယ့် မမက ကျွန်တော်သိတယ့်အရင်ကမမမဟုတ်တော့ဘူး။ ကျွန်တော့်နားမှာရှိနေတယ်။ ကျွန်တော်အားပြုံးပြနေပေမယ့် အဲ့အပြုံးတွေဟာ အရင်ကလောက်မတောက်ပတော့ဘူး။
အဲ့အချိန်တိုင်းအပြစ်ရှိစိတ်နဲ့ကျွန်တော်က တောင်းပန်လေ့ရှိပေမယ့် သူမပြန်ပြောတာတစ်ခွန်းထဲပါ ။
"မင်းက မမချစ်တယ့်သူပဲလေ" တယ့်။ ဒီစကားတစ်ခွန်းကတင် ကျွန်တော့်အား ပိုခံစားစေတာဖြစ်၏။
ဒီသတင်းကိုဖတ်မိချိန်မှာ ကျွန်တော်ကအသက်ရှူသံတွေပင်မြန်လာပြီး အဲ့နေ့က အပြီးထိမကြည့်လိုက်ရတယ့်liveကိုပြန်ကြည့်ရှူလိုက်တော့ ကျွန်တော့်အား ရင်ခုန်ရခြင်းနဲ့အတူ နောင်တကဝင်ရောက်စေသည်။
"Mr.noel အလုပ်နဲ့မဆိုင်ပေမယ့်
ဒေါ်ဖန်မနီချိုက mr.noelရဲ့ သတို့သမီးလောင်းလို့နာမည်ကြီးတယ့်အပေါ် တခုခုဖြေရှင်းချင်လားဗျ""အင်း ဟုတ်ပါတယ်ဗျ"
ထို့နောက် ထိုဘဲက သူမအားငုံ့ကြည့်လိုက်တယ်။ သူမကမျက်စောင်းလှမ်းထိုးနေလေ၏။
"ဒါပေမယ့် အရင်ကပါ ခုကျွန်တော်တို့က မိတ်ဆွေတွေပါဗျ "
ထိုဘဲက သတင်းထောက်အား ပြုံးကာ ထိုသို့ပြောလိုက်၏။ အံ့သြသွားသောသတင်းထောက်က
"ဒေါ်ဖန်မနီချိုက ရော ဒီကိစ္စပေါ်ဘယ်လိုသဘောထားလဲဗျ"
သူမကမြားဦးသူမဘက်လှည့်လာတာမို့ အံ့သြောသွားဟန် ။ သို့ပေမယ့်ပြုံးလိုက်ကာ
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး