ch 9

17.8K 505 10
                                    

Unicode

သူမနဲ့အတူနေနေတယ့်၁လအတွင်းကျွန်တော် တော်တော်ပြောင်းလဲလာပါသည်။ အခုဆို ကျွန်တော်က ဘေးမှာလူရှိနေလည်းအိပ်တတ်နေပြီဖြစ်သည်။ဒါ့အပြင် အရင်ကလိုမဟုတ်ဘဲ သူမအပေါ်လဲ အမြင်တချို့ပြောင်းလဲနေပြီဖြစ်သည်။ 

သူမကမာကျောချင်ယောင်ဆောင်ထား
တယ့်ပန်းလေးတစ်ပွင့်ဆိုတာကိုကျွန်တော်ဖော်ထုတ်ခဲ့မိတယ်။ သူမမာကျောချင်ယောင်ဆောင်ရခြင်း၏အကြောင်းရင်းကိုလည်းလွန်ခဲ့တယ့်အပါတ်က ကျွန်တော်သိခဲ့ရခြင်းဖြစ်သည်။ ထိုနေ့ကဘာရယ်မဟုတ်သူမမရှိတုန်းခြံထဲအားနေတာနဲ့ဖုန်းထိုင်သုံးနေဖြစ်သည်။

ရုတ်တရက်သူမနာမည်နဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်မိမှ သူမဟာဘယ်လိုလူမှန်းသိခဲ့ရသည်။

အသက်အငယ်ဆုံး လုပ်ငန်းရှင်အမျိုးသမီး ဖန်မနီချို ရဲ့ အောင်မြင်မှုတွေထဲမှ လူထုကိုထပ်မံပြသလိုက်သော လှပထူးဆန်းသည့်ထုတ်ကုန်အသစ် မကြာမီစျေးကွက်တွင်းသို့တင်ပို့မည်

ဆိုသောခေါင်းစည်းနဲ့သူမရဲ့တည်တင်းနေသောမျက်နှာထားပုံပါသည့် ဓာတ်ပုံကိုတွေ့လိုက်ရသည်။

ဒါနဲ့ကျွန်တော်လည်းအချိန်ဆွဲမနေပဲ Gတွင်သူမနာမည်အားရိုက်ရှာလိုက်လေသည်။တကယ်တော့ ကျွန်တော့်ကိုတခါပြောပြဖူးထားသောသူမနာမည်ကိုနောက်နေ့မှာဆိုးရွားစွာပဲပြန်မှတ်မမိခဲ့ပါ။ မမဟုသာခေါ်သောကြောင့်နာမည်မသိလည်းကိစ္စမရှိပါ။

အားကစားကိုအပျော်တမ်းလေ့လာပြီး ကျန်တာစိတ်မဝင်စားခဲ့သောကျွန်တော့လိုခပ်ပေါ့ပေါ့လူငယ်တစ်ယောက်က သူမအကြောင်းတွေဖတ်မိချိန်မှာတော့ တကယ်ခေါင်းပါပူလာပြီးကြက်သီးပါထစေသည်။ တစ်ဆက်ထဲ သူမကဘာလို့ဒီလိုဆက်ဆံရခက်တယ့်ရုပ်ပေါက်နေတာလည်းဆိုတာပါနားလည်လာနိုင်သည်။

သူမက....ဟူး။သူအလုံးစုံကိုတစ်နေ့လုံးစိတ်ဝင်တစားဖတ်ပြီးတော့ ဖုန်းကိုပိတ်ကာ လက်ကိုခေါင်းနောက်ပစ်ပြီး လေညင်းတစ်ချို့ကိုရှူရှိုက်လိုက်သည်။

Fanky ။
fankyဆိုတာ ကျွန်တော်တို့နိုင်ငံမှာတော့ နံမည်ကြီးတံဆိပ်ပဲဖြစ်သည်။ဒါမယ့်စျေးကြီးလွန်း၍ကျွန်တော်ဝယ်မသုံးနိုင်ပါ။
လွန်ခဲ့တယ့် ၅နှစ်လောက်ကတော့ ကျွန်တော် လူတစ်ယောက်ဆီက fanky brand ဖိနပ်တစ်ရံလက်ခံရဖူးပါသည်။

Differences (Completed)Where stories live. Discover now