"မမလေးကြည့်ရတာဒီနေ့ပျော်နေသလိုပဲနော် "
"ဟုတ်ပါ့ ဝင်လာထဲက ပြုံးနေတာပဲ တခုခုတော့တခုခုပဲ ကောင်းတာလည်းဖြစ်နိုင်သလိုဆိုးတာလည်းဖြစ်နိုင်တာမို့ ငါတို့အမှားမရှိအောင်နေရမယ် "
"အေး ဟုတ်တယ် ဟဲ့ လာပြီလာပြီ ငြိမ်ငြိမ်နေ"
တိုးတိုး တိုးတိုး အသံတွေက တိတ်သွားကာ ကောင်မလေးတွေဦးညွှတ်၏။ ကိုယ်အသိမှတ်ပြုခေါင်းငဲ့ပေးပြီးတော့ ရုံးခန်းထဲဝင်လာခဲ့လိုက်သည်။
ကိုယ့်ရဲ့က မှန်သားပြင်ပေါ်အနည်းငယ်မြင်နေရတယ့်ကိုယ့်ပုံကိုကြည့်ပြီး ငါအရမ်းသိသာနေတာလားဟုပင်တွေးမိသည်အထိ ။ ဒါမယ့် နှုတ်ခမ်းတို့စေ့ထားတာတောင် လာခါနီး ကီ့ရဲ့လေသံတိုးတိုးလေးက နားထဲကြားယောင်နေမိဆဲ။ ကိုယ့်ဆီကရုတ်တရက်ဆန်ဆန်လှည့်ထွက်သွားတယ့်ကောင်လေးကြောင့် ကိုယ်အတွေးများကာ သိမ်ငယ်ခဲ့ရ၏။
ဒါပေမယ့်လည်းကိုယ်ရေချိုးသန့်စင်ပြီးပြန်ထွက်လာတော့ ကိုယ့်ကုတင်ပေါ်မှာထုံးစံအတိုင်းကောင်လေးထားခဲ့တယ့် အဝတ်စားတွေကအသင့်ရှိနေပြန်၏။ ဒီနေ့အတွက်က အဝါဖျော့ဝမ်းစက်လေးကိုကောင်လေးက ရွေးပေးထား၏။ ကိုယ်ဦးရန်ညီကြောင့် အဝါရောင်ဝတ်ရမည်ကိုတခါတလေ ကြောက်တတ်သေးသော်လည်း ကောင်လေးက ကိုယ့်ကိုအဝါရောင်နဲ့အလိုက်ဆုံးဟုပြောတတ်၏။ ကောင်လေးကြိုက်တာကိုဝတ်ရမှာမို့ကိုယ်ကလည်းအဲ့အချိန်တိုင်းမငြင်းမိတော့ပါ။"မမအသားရည်လေးက ဝင်းဝင်းလေး အဝါရောင်လေးနဲ့ဆို ရွှေရောင်အဆင်းရှိတယ်ဆိုတယ့်ပပဝတီတောင်ထိုင်ငိုသွားရအောင်မမကလှတယ် "
ကောင်လေးရဲ့အသံကိုကြားယောင်ရုံနဲ့တင်ကိုယ့်နှလုံးသားကခုန်လာကာ မှန်ထဲတွင်မြင်နေရသောရှက်ကိုးရှက်ကန်းနဲ့ ကိုယ့်ကိုကိုယ်ကြည့်မိပြီး အဝတ်စားများ လဲလှယ်မိ၏။ ထို့နောက်တွင်တော့ ဆိုးလေ့မရှိပေမယ့် ဇီဝယ်ပေးထားသော ပန်းဆီရောင်tintလေးကို နှုတ်ခမ်းပါးပါးလေးပေါ်မှာဆိုးလိုက်တော့ ကိုယ်ါကိုကိုယ်မိန်းမလို့နည်းနည်းပြန်ထင်မိသွားသလိုပါပဲ။ အဟား ဟုတ်ပါရဲ့ ကြောက်လန့်တကြီးနဲ့ ဆံပင်တိုတိုထား မပြင်မဆင်နေတယ့်ကိုယ်ဟာ ခုမှကိုယ့်ဘာသာအလှပြင်နေမိရတယ်လို့။ ပုံကျအောင်ခေါင်းကိုဖြီးသင်ပြီးမှာတော့ အခန်းထဲကလိုအပ်တာတွေယူပြီးထွက်ခဲ့၏။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး