ch48

11.3K 331 26
                                    

ခုဆိုမမထွက်သွားတယ့် ပျင်းခြောက်ခြောက်နွေရာသီကနေ ကျွန်တော်တို့စတွေ့တယ့် ဆောင်းရာသီတောင်ရောက်ခဲ့ပြီ။

ထိုနေ့ကစလို့ပျောက်ခြင်းမလှပျောက်သွားတယ့်မမကြောင့် ကျွန်တော် ၁လတိတိလောကကြီးနဲ့အဆက်သွယ်ဖြတ်ကာ မူးမူးရူးရူးနေခဲ့ပါသည်။ တကယ် တစ်အိမ်လုံးက မမအငွေ့သက်တို့နှင့်ချည်းဖုံးလွှမ်းလို့နေ၏။

နောက်ထပ်ဇာတ်လမ်းတွဲသစ်တွေကိုနာမည်ရနေပေမယ့်ကျွန်တော်ဆက်လက်မခံဖြစ်ပါ။ တော်ကြာ Kiss senceတွေပါလို့ သူမစိတ်ထပ်ဆိုးကာ ကျွန်တော့်ဆီပြန်မလာမှာကျွန်တော်သိပ်ကြောက်ပါသည်။
ကျွန်တော့မိဘတွေကိုဆုံးရှုံးသွားတုန်းက ခံစားချက်ထက် ဒီရှင်နေလျက်နဲ့ကွဲနေတယ့်ခံစားချက်က ဆိုးရွားလွန်း၏။

မိဘတွေဆုံးတုန်းက ကောင်းတယ့်ဘုံတစ်ခုခုမှာ အေးအေးချမ်းချမ်းရှိနေမှာဟုစိတ်ထဲထားနိုင်သော်လည်း ကျွန်တော်မသိသည့်နေရာမှာရှင်သန်နေမည့်သူမကိုတော့ နေများမကောင်းဖြစ်နေမလား။ ကျွန်တော့်လိုတားမည့်သူမရှိ၍သူမလိုခေါင်းမာ သည့်မိန်းကလေးဟာ periodချိန်မှာ အစပ်တွေစားချင်တိုင်းစားပြီးမှ ရေနွေးအိတ်တွေကြားလူးလိမ့်နေမလား။

ညဘက်ဘယ်နှစ်နာရီထိတားမည့်သူမရှိပဲ တနေရာကနေ အလုပ်တွေလုပ်နေမလား။ သူမအတွက်ကော်ဖီဖျော်ပေးမယ့်သူမရှိ အလုပ်စားပွဲမှာခေါင်းငိုက်စိုက်နဲ့သက်တောင့်သက်သာမရှိစွာ အိပ်ပျော်သွားမယ့်အခါ သူမကိုကျွန်တော့်လို အိပ်ရာပေါ်ပွေ့ချီပေးမည့်တာဝန်ကိုဘယ်သူကများဆက်လုပ်နေမလဲ။
ဒါမှမဟုတ်မနက်ထိ သူမအဲ့တိုင်းစာရွက်ပုံတွေကြား အိပ်ပျော်သွားလေမလား။

လွမ်းလိုက်တာမမရာ။ ကျွန်တော် တောင်းပန်ပါတယ် ပြန်လာခဲ့ပေးပါ။ မမကိုနောင်ဘယ်တော့မှ စိတ်ထိခိုက်အောင်မလုပ်တာ့ပါဘူး။ ကျေးဇူးပြုပြီး ဒီအလွမ်းတွေကြားထဲ ကျွန်တော့်ကိုမသတ်လိုက်ပါနဲ့ဗျာ။

ဧည့်ခန်းထဲ သူမအရမ်းကြိုက်သည့် သူမနဲ့အတူကြည့်ဖူးသော comedyကားအားကြည့်နေရင်းပင်သူမအား ပိုလွမ်းမိသည်။ ပထမဦးဆုံးတွေ့ထဲက သူမဟာ ကျွန်တော့ဘဝထဲကိုထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းစွာတိုးဝင်လာခဲ့တာဖြစ်သည်။ သို့ပေမယ့် အနားနားမှာ ဟက်ဟက်ပက်ပက်ရယ်မောနေမည့်သူမမှမရှိတာ ဒီကားဟာ ကျွန်တော့်အတွက်အဓိပ္ပာယ်မရှိပါဘူး။

Differences (Completed)Where stories live. Discover now