ch 26

17.2K 399 11
                                    

"ဘယ်လိုနေသေးလဲ .."

ကျွန်တော့်အမေးကြောင့်ရင်ခွင်ထဲကသူမကခေါင်းမော့ကြည့်ကာ ဘာမှမပြောဘဲအတန်ကြာကျွန်တော့်ကိုစိုက်ကြည့်ပြီးမှရှက်သွေးဖြာနေသောမျက်နှာလေးက ကျွန်တော့်ရင်ဖက်ဆီကိုတိုးဝှေ့ပွတ်သပ်ကာ ခေါင်းယမ်းနေလေ၏။ အဟား ဘယ်လိုလေးလဲကွာ။

"မမ ခုထိလက်မညောင်းသေးဘူးလား"

အဓိပ္ပါယ်ပါပါမေးလိုက်တယ့်ကျွန်တော့်စကားကြောင့် သူမရဲ့လှုပ်ရှားမှုတို့ကငြိမ်သက်သွားကာ ရင်ဖက်ပေါ်လက်လေးတင်ပြီးကျွန်တော့်ကိုမော့ကြည့်ပြန်၏။ မျက်လုံးလေးများကဝိုင်းစက်ကာ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း ကြောင်စီစီပုံလေးက တကယ်ကိုဆယ်ကျော်သက်မလေးတွေလိုက်မမှီနိုင်ပါ။

"ဟမ်."

ကျွန်တော့်အမေးကိုသူမကခုမှအဓိပ္ပာယ်ဖော်ရသွားသလိုနဲ့

"အမ်! ဟို .."

ရဲနေသောမျက်နှာလေးက တမျိုးလေးဖြစ်ပြီးမှ ကျွန်တော့ကိုပိုတိုးဖက်လိုက်ကာ ခေါင်းကိုအပ်ထားရင်းမှ

"အ.အဆင်ပြေပါတယ် ."

သူမရဲ့အနည်းငယ်ရှက်ပြီးတုန်နေတယ့်အသံလေးက တမျိုးလေးပင်

"သေချာလို့လား"

ကိုယ်လုပ်ထားတာကိုယ်ပဲသိသည်တယ့်။ ဟုတ်တယ်လေ သူမလေးကတခါမှတောင်ထိတွေ့ဖူးခြင်းမျိုးမရှိသေးတာကိုယ်အသိဆုံး။ ဒါ့ကြောင့်...။

"ဟို ..နည်း..နည်းနည်းတော့ နာတယ်"

Fuck ဒီစကားလေးပြောဖို့ကိုအရမ်းရှက်နေပြီးလူကိုအတင်းဖက်ကာ မျက်နှာကိုဇွတ်မြှုပ်နေတယ့်သူမကတကယ်သူယောင်မယ်လား။

"ကြည့်.ကြည့်ရအောင် ကျွန်တော်အတတ်နိုင်ဆုံးတော့.."

သူမဘေးကထဖို့လုပ်ပြီးစောင်ကိုဆွဲဖယ်ဖို့လုပ်တယ့်ကျွန်တော့်ကိုသူမကအလျင်မြန်ပဲ

"ဟင့်အင်း ရတယ် ကီ မ.မကြည့်ပါနဲ့ တို့အဆင်ပြေသွားမှာပါ ဒီတိုင်း ဒီတိုင်းခနနေပေး"

ကျွန်တော်ပြုံးမိသွားပြီး နာခံစွာ သူမဘေးနားပြန်လှဲလျောင်းလိုက်လေတယ်။ ရုတ်တရက်သူမလက်ကောက်ဝတ်ကိုဖိမိသွားတာမို့သူမကတွန့်ခနဲဖြစ်သွားခြင်းနဲ့အတူညီး၏။

Differences (Completed)Where stories live. Discover now