(AUTHOR NOTE:အစပိုင်းတွေက ကောင်လေးဘက်ကရေးပြီးပြီပေါ့နော် ဒီကစပြီး မမဘက်ကပဲရေးတော့မှာပါ အတိုင်းတာတခုထိကို ပြီးမှ...)
ကိုယ်နောက်များကျသွားသေးလား။ ဒီကောင်လေးရဲ့ ကျောင်းက ကိုယ့်companyနဲ့ တော်တော်ဝေးလွန်းပါသည်။ အစက google mapကနေခေါက်ရှာပြီး အသွားပြန်ကြာချိန်ကိုအကြမ်းဖျင်းတွက်ကြည့်ထားပေမယ့် တကယ့်တကယ်ကျတော့ ကားကြပ်တာနဲ့ လမ်းမှာတော်တော်စိတ်အိုက်ရသည်။ ဒီနေ့မှ အလုပ်မှာလည်း လကုန်designတွေအတွက် ရှိသမျှဝန်ထမ်းတိုင်းအလုပ်ရှုပ်ရတယ့်နေ့။ ဒီကြားထဲ အရင်ရက်တွေကကိုယ့်ဒါဏ်ရာကြောင့်နားထားတယ့် ၂ရက်ကလည်းရှိသေးတာမို့တော်တော်အချိန်ကနည်းလွန်းနေသလားအောက်မေ့ရသည်။
လက်ရွေးစင်designတွေချည်း ၅၀လောက်ထဲက ၅မျိုးကိုရအောင်ရွေးရသည်။ ပြီးတော့ limitedအတွက်ကသီးသန့်designတခုဆိုတော့ အားလုံးပေါင်း၆ခု။
အဲ့ထဲကမှ အရောင်စပ်မှုတွေ၊ပစ္စည်းအသား၊ အဲ့တာတွေအကုန်ကို သေချာစာရင်းစစ်ရမည်။ ပစ္စည်းတွေကဟိုတခါကမှဖြည့်ထားတာမို့သိပ်စိတ်မပူရပါ။ လကုန်ဖို့က ၁၀ရက်ပဲလိုတော့တယ်။ ဒီနေ့မှာ ပစ္စည်း၆မျိုးလုံးပြီးအောင်ထုတ်ရမည်။ နောက်နေ့တွေမှာ modelတွေနဲ့ရိုက်ကူးရေးတွေရှိသေးသည်။ ကြားထဲမှာတော့ ထောင်ပေါင်းများစွာသောဝန်ထမ်းတွေက ရက်အမှီ သူ့တာဝန်နဲ့သူ productတွေကိုပြုလုပ်ကြမည်။ နောက်ရက်မှာ အနာဆာရှိမရှိ သေချာစစ်ဆေးရမည်။ ၃ရက်ပဲလိုတော့တယ့်အချိန်မှာ ပစ္စည်းအားလုံးအဆင်သင့်ဖြစ်နေပြီ။ အဲ့မှာ ဒေသအရပ်ရပ် ၊ပြည်ပတွေမှာရှိတယ့်fankyကုန်တိုက်ကြီးတွေကိုအမှားယွင်းမရှိပို့ဆောင်မည်။ နောက်ဆုံးမှာတော့ သတ်မှတ်ရက်တွင်း ဒီတလအတွက်အပူလုံးထပ်ကျရမည်။ သက်ဆိုင်ရာဌာနတွေအလိုက် ဦးစီးသူတွေရှိပေမယ့်လည်း ကိုယ်ကတော့ အမြဲစိတ်ပူပြီး ရှောင်တခင်လိုက်ကြည့်နေရတာပဲ။တခုခုဆိုနောက်ဆုံးကိုယ့်ခေါင်းပဲကျမှာလေ။
အခုလည်းရှုပ်ရှက်ခတ်နေတယ့် desingပုံတွေရွေးပြီးသိပ်မကြာဘူး ကိုယ်နာရီကြည့်လိုက်တော့မှ အချိန်က .....။ဒီကောင်လေးက ကိုယ့်ကိုဖုံးကွယ်ထားပေမယ့် သူကလေးကျောင်းသွားတယ့်အခါ ဘာဝတ်သွားတယ်။ကျောင်းမှာဘယ်လိုပြုမူတယ်ကအဆုံး ကိုယ်သိနေတယ်လေ။ ပြောရရင် ဇီ့ရဲ့ညီမငယ်လေးက ဒီကျောင်းကပဲဆိုတာကိုယ်သိခဲ့တယ်လေ။ ဒီကလေးကိုဘာလို့ဂရုစိုက်နေမိမှန်းမသိပေမယ့် ဒီကောင်လေးကကိုယ့်ကိုပျော်စေတယ်။ကိုယ်ဝမ်းနည်းတယ့်အချိန် ဒီကောင်လေးရဲ့ နှစ်သိမ့်မှုတွေ ၊ကိုယ်စိတ်ပြောင်းအောင်topicတွေပြောင်းပြီးလွှဲပြောတတ်သူ။ ကိုယ့်လိုအထီးကျန်တယ့်သူကဒီကောင်လေးကြောင့် နွေးထွေးမှုကိုခံစားရတယ်။ ကိုယ်အိမ်ပြန်ရင် ဒီကောင်လေးကအမြဲကိုယ့်ကိုပျော်ရွှင်စွာ ကိုယ်အမောပြေဖို့အအေးတစ်ခွက်နဲ့ဆီးကြိုတတ်တယ်။ ဘဝမှာမေ့လုနီးပါးဖြစ်နေတယ့် ငယ်ငယ်က ပါးနဲ့မား တို့နဲ့နေတုန်းကရတယ့်ဂရုစိုက်မှုလိုမျိုး ဒီကောင်လေးဆီကကိုယ်ရတယ်။ အိမ်ထမင်းအိမ်ဟင်းတွေ စားရမှန်းမသိတော့တယ့်ကိုယ်က ဒီကောင်လေးကြောင့်စားဖြစ်လာတယ်။ အရင်ကစက်ရုပ်ကြီးတစ်ရုပ်လိုရှင်သန်ရဖို့ ပိုက်ဆံနဲ့ကြော်ကြားမှုအတွက် အချိန်ကိုက်ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတယ့်ကိုယ့်ရဲ့အချိန်ဇယားတွေကလည်း ဒီကောင်လေးနဲ့ကျမှ လူသားပီသစွာ ပြောင်းလဲလာတယ်။ တခါတလေ အလုပ်စားပွဲထက်ထမင်းစားပြီးရင် ဒီကောင်လေးနားပဲနေချင်နေမိတယ်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး