Unicode
"ဟေး မင်းရေချိုးတာကြာနေပြီနော်"
အပြင်ကလှမ်းအော်တယ့်အသံက ခပ်တိုးတိုးမှုန်ဝါးဝါးရယ်ပါ။တကယ်တော့ကျွန်တော်ရေချိုးပြီးသွားတာ၅မိနစ်လောက်ရှိနေပါပြီ။ ဒါပေမယ့်ဘာဝတ်လို့ဝတ်ရမှန်းမသိဖြစ်နေတယ်။ခုနကအဝတ်တွေပြန်ဝတ်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါ။အချိန်တန်ရင် အဝတ်စားချွတ်ရမှာဆိုတာသိပေမယ့်လည်း လူပျိုလေးကျွန်တော့်အတွက်တော့ စိတ်လှုပ်ရှားနေရသည်။
ဒီတိုင်းပဲထွက်သွားရမလား။မှန်ထဲမှာပေါ်နေသောကျွန်တော့ပုံရိပ်အရ သဘက်တစ်ထည်သာပတ်ထားသောကျွန်တော့်ကိုယ်မှာဝင်းဖန့်နေပြီး အဖုထစ်များကရွှေရောင်လွင်ပြင်ကြီးပေါ်မှာလှိုင်းထနေသလိုပင်။
ခေါင်းကဆံပင်ကိုခါလိုက်ပြီး ခါးထောက်ကာရေချိုးခန်းထဲခေါက်တုံ့ခေါက်ပြန်
လျှောက်နေမိသည်။ ဘယ်လိုလုပ်ရမလဲ။သူ့ကိုစိတ်မပျက်စေဖို့ သူမဘယ်လိုအကြိုက်တွေ့အောင်စွမ်းဆောင်ရမလဲ။ ပြီးတော့ကျွန်တော်သာလူပျိုဆိုတာသိရင် ပြသနာပဲ။ ခက်တာက ကျွန်တော်က မိန်းကလေးတစ်ယောက်ရဲ့လက်ကိုပဲကိုင်ဖူးတာဖြစ်သည်။ ဒါကလည်း ကျောင်းတုန်းကဆို၍ဒီတိုင်းသူငယ်ချင်းတွေလှော်ပေးလို့တွဲဖြစ်သွားတာ ။သူမကလည်း ကျောင်းရဲ့ မာနကြီးကြီး ခပ်လှလှထဲပါတော့ ဘာရယ်မဟုတ် တွဲမိတယ့်သဘော။ ရင်ခုန်တာတွေဘာတွေလည်းမသိ။အလွန်ဆုံး ကျောင်းနောက်ဆုံးရက်က အသားယူကာ သူမပါးကိုနမ်းဖူးသည်ပဲရှိသည်။အဲ့လိုကိစ္စဆိုတာကလည်း အချစ်ကြောင့်ဖြစ်မှသူ့အလိုလိုဖြစ်သွားတာမျိုး။ပြီးတော့ စိတ်ထမှ။ ခုကြည့် တခါမှမတွေ့ဖူးတယ့်အမျိုးသမီး။ဒီနေ့မှစသိတယ့်အမျိုးသမီး။ချစ်ဖို့ဝေးစွ မြင်တောင်မမြင်ဖူးပါ။
ကိုယ်ထဲလျှပ်စီးဖြတ်ပြေးသလိုခံစားရဖို့ဝေးစွ ပြားချပ်ချပ်ခန္ဓာကိုယ်က ပန်းပါသေစေနိုင်သည်။သူမကရုပ်လေးကယ်နေလို့။ မဟုတ်လို့ကတော့ တကယ်ပန်းသေစေနိုင်သည်။
"ဟေးကီ မင်းကြာနေပြီ အအေးပတ်မယ် ထွက်ခဲ့တော့ "
နောက်တစ်ကြိမ်ထပ်ကြားရတယ့်စကားအဆုံးမှာတော့သူလည်းအချိန်မဆွဲတော့ဘူး။ဖြစ်ချင်ရာဖြစ်ကွာ မီးစင်ကြည့်ကရမှာပဲ။ စိတ်ပိုင်းချပြီး ဒီတိုင်းရေချိုးခန်းထဲကထွက်လာလိုက်တယ်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး