"သြော် ဒါနဲ့ကီ တို့မနေ့ကမပြောလိုက်ရလို့ "
"ဘာကိုလဲမမရဲ့"
မနက်စာဝိုင်းမှာ နွားနို့သောက်ရင်းကိုယ်ကပြောလိုက်တော့ ကောင်လေးက တစ်သျှူးလေးနဲ့ကိုယ့်ရဲ့ပေပွနေဟန်တူသောနှုတ်ခမ်းထောင့်ကိုသုတ်ပေးရင်းပြောသည်။
"ဘာကမှာလဲ မင်းအတွက်သတင်းကောင်း"
"သတင်းကောင်း? ဟုတ်လားမမ ပြောပါဦး ကျွန်တော့်အတွက်သတင်းကောင်းကဘာဖြစ်မလဲ.."
စားပွဲပေါ်လက်နှစ်ဖက်ထောက်ကာ သူ့မျက်နှာသူညှပ်ကိုင်ထားပြီးကိုယ့်ကိုပြုံးကြည်နေသောမျက်နှာလေးနဲ့စိုက်ကြည့်နေကာပြောလာသောဒီကောင်လေးဟာ နီညိုရောင်ဆွယ်တာလေးနဲ့လိုက်ဖက်သောအသားရည်လေးကြားမှာ ချောမောခန့်ညားပြီးချစ်စရာသိပ်ကောင်းပါသည်။
"မင်းကတကယ်typeအမျိုးမျိုးနဲ့ကောင်လေးပဲ "
ကိုယ်ကမျက်ခုံးပင့်ကာပြောလိုက်တော့ ကောင်လေးကရယ်၏။
"ဘာလဲ ရင်ခုန်သွားလို့လား ကျွန်တော့်ကြောင့်"
"အို ငါရင်ခုန်ယုံမဟုတ်ဘူး မင်းနဲ့ရှိရင်တခါတလေ ရင်ပါတုန်တယ် ဟွန်း ထားပါ ပြောတာနားထောင်"
"ဟုတ်ကဲ့ပါဗျ"
ကြည့်ဦးအသည်းယားအောင် ။ကိုယ်က စိတ်ဆိုးခြင်းမရှိတယ့်မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
"မင်း အဆိုတော်လုပ်ဖို့ စပွန်ဆာရှိတယ် မင်းတို့ကိုမပြောပေမယ့် မင်းရဲ့ ကျောင်းကပွဲက Vdက ကြည့်ရှူသူမီလီပေါင်းများစွာရှိနေပြီးမင်းအခုအရမ်းhotဖြစ်နေတယ်ဆိုတာ တို့သိပါတယ်နော် ဟွန်း ဘယ်လိုလဲ ..."
ကောင်လေးကအံ့သြသွားပုံနဲ့
"ဝိုး မမ မသိတာရှိရောရှိသေးရဲ့လား ဒါနဲ့ စပွန်ဆာက မမလို့တော့မပြောနဲ့နော် ကျွန်တော်လက်ခံမှာမဟုတ်ဘူး"
"Sure သေချာပေါက်တို့မဟုတ်ဘူးပေါ့ တို့ရဲ့အခင်ရဆုံးသူငယ်ချင်းတစ်ယောက်ပါ"
"နေပါဦး ပြောတော့မမမှာ သူငယ်ချင်းမရှိဘူဆို ခုကျဘယ်လိုလုပ်"
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး