ch49

10.8K 375 15
                                    

တစ်နှစ်။

တစ်နှစ်ဆိုတယ့်အချိန်ကာလကသိပ်မကြာသလိုပဲကုန်ဆုံးသွားပြီ။ ဒီကြားထဲအဖြစ်ပျက်ပေါင်းများစွာဖြစ်ခဲ့တယ်။
ကျွန်တော့်အတွက်ကတော့ ပြန်တွေးကြည့်တိုင်းဒီကာလတွေဟာ အလွမ်းတွေနဲ့ကျင့်သားရအောင်မနည်းနေရပြီး သူမအပြန်ကိုကျန်းကျန်းမာမာ သန်သန်မာမာနဲ့စောင့်နေခဲ့တယ်။ ပျော်ရွှင်မှုကတော့ ကျွန်တော့်အတွက်သူမကသာဖြစ်တာမို့ ထိုခံစားချက်ကတော့ရှိမနေခဲ့ဘူး။

သို့ပေမယ့် ကျွန်တော့်မှာသိပ်ချစ်စရာကောင်းတယ့် ပရိတ်သတ်လူသားလေးတွေရှိတယ်လေ။ သူတို့က ကျွန်တော့်ကိုအနည်းနဲ့အများတော့ပျော်ရွှင်စေရပါတယ်။

သူမကိုလွမ်းလွန်းလို့ ရေးဖွဲ့ထားတယ့်သီချင်းတွေက ထင်မှတ်မထားစွာ အကြီးကျယ်ပေါက်သွားခဲ့တယ်။ အလွမ်းရသတွေအများကြီးပါတယ့် Albumပါပဲ။

ကျွန်တော် သမိုင်းနောက်ခံနဲ့ သိုင်းကားတွေမှာ အက်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမပြောသလိုပဲကျွန်တော်က အနုပညာအလုပ်မှာကံပါသည်။ အခုဆိုကျွန်တော်က နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ။ အင်တာဗျူးတိုင်းအချစ်ရေးနဲ့ပတ်သက်လို့အမေးခံရရင် ကမ်မရာကိုကြည့်ပြီး သူမကိုစိုက်ကြည့်သလိုမျိုးနဲ့

"ကျွန်တော်က တစုံတယောက်ကိုစောင့်ဆိုင်းနေတာပါ ပြန်လာပါတော့ မမကိုလွမ်းလှပြီ"

ထိုသို့ဖြေတတ်၏။ အစကအုတ်အုတ်ကြတ်ကြတ်နဲ့အားလုံးအတွက်အထူးဆန်းဖြစ်ကာ ကျွန်တော့်ရဲ့အချစ်ရေးမှာ သတင်းကြီးသွားရသေးသည်။ မမ ဆိုသည့်အမျိုးသမီးကိုလူတိုင်းကသိချင်နေကြသည်။
ကျွန်တော့်ပရိတ်သတ်လေးတွေထဲမှာလဲ အစကကျွန်တော့်ကိုခံစားရအောင်လုပ်သော မမဆိုသည့်အမျိုးသမီးလေးကို မုန်းတီးကြသော်လည်း တဖြေးဖြေးအကုန်လုံးက ကျွန်တော်ကသဘောကျရတယ့်အမျိုးသမီးမို့ သူမကိုပါမမြင်ဖူးပေမယ့်ချစ်ကြကာ မြန်မြန်ပြန်လာဖို့ဆုတောင်းပေးကြသည်။

မမရေ ခုဆိုမမကိုမျှော်နေတယ့်သူကကျွန်တော်နဲ့ဇီတင်မဟုတ်တော့ဘူးသိလား။ မမပြန်လာသင့်ပါပြီ။ ၁နှစ်ဆိုတယ့်အချိန်ကာလမှာမမကျွန်တော်နဲ့ပတ်သတ်ပြီးခုထိစဥ်းစားနေရတုန်းလားဗျာ။

Differences (Completed)Donde viven las historias. Descúbrelo ahora