ch 7

22K 545 9
                                    

Unicode

မနေ့ညက အိပ်ရေးမဝခဲ့သောကျွန်တော့်မှာ အခန်းထဲရောက်မှနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်လိုက်ရသည်။ ထိုမိန်းမအလုပ်သွားသောအချိန်မှာပင် ၈နာရီရှိပြီဖြစ်သည်။ တစ်ညလုံးမအိပ်ရသည့်အပြင် သွားခါနီးမှာစရာရှိသေးသည်ဆို၍ကျွန်တော့်မှာပန်ဒါမျက်လုံးများကိုမနည်းအားယူဖွင့်ကာ မအိပ်ချင်ယောင်ဆောင်ထားရတာဖြစ်သည်။  ဒါတောင် အဲ့အမျိုးသမီးက

"မင်းညကမအိပ်ဖူးလား"

ဟုမေးလာတော့ကျွန်တော့မှာ ဂုတ်ကိုလက်ဖဝါးနဲ့ပွတ်ရင်း

"ကျွန်တော်က အိပ်ယာပြောင်းကာစမို့
အကျင့်မရသေးလို့ပါမမ"

ဟု လိမ်ညာလိုက်ရသေးသည်။

တကယ်ကကျွန်တော့မှာ အဲ့လိုအိပ်ယာပြောင်းလျှင်မအိပ်တတ်သည့်အကျင့်မရှိပါ။

ဒေါ်အေးက တစ်လအတွင်းအကြွေးဆပ်ရမည်ဟုလည်းပြောသလို သူ့ကိုပါ အိမ်ပေါ်ကဆင်းခိုင်းထားသည်မို့ ဒီရက်ပိုင်း ဘော်ဒါတစ်ယောက်ချင်းစီအိမ်မှာပင်အိပ်နေခဲ့ရတာဖြစ်သည်။

ဒါပေမယ့် ဟိုသူတောင်းစားတွေနဲ့အိပ်တာနဲ့မနေ့ ညကအိပ်ရတာအိပ်ပျော်ပုံချင်းမတူပါ။ ကျွန်တော်ကတစ်ဦးတည်းသောသားမို့
ငယ်စဥ်ကထဲကတစ်ယောက်ထဲအိပ်လာရတာဖြစ်သည်။ တိုက်အောက်ခံ၂ထပ်အိမ်လေးမှာကျွန်တော်၁၀နှစ်ကျော်ကစပြီး သီးသန့်အခန်းရသည်။ထိုအချိန်ကစပြီးကျွန်တော်ကတစ်ယောက်ထဲအိပ်တတ်သူဖြစ်သည်။ဒါ့အပြင် ဆယ်တန်းအဆောင်နေတော့လည်း တစ်ယောက်ခန်းရှိသည့်အဆောင်ပဲဖြစ်သည်။ တခြားသူများနဲ့ လေ့လာရေးခရီးတွေသွား၍ ဘုန်းကြီးကျောင်းလိုမျိုးမှာအိပ်ရသည်ဆိုလျှင်တောင် ကျွန်တော်ကခပ်ခွာခွာအိပ်တတ်သူဖြစ်သည်။အိပ်နေတယ့်အချိန်ကျွန်တော့်အသားကိုထိနေတာမျိုးမကြိုက်ပါ။

ဒါ့ကြောင့် အတွင်းသိဘော်ဒါတချို့ကတောင်

"ကိုသွေးဒီပုံတိုင်းဆို မင်းမိန်းမယူမနေနဲ့"

လို့ပြောရသည်အထိပင်။

မနေ့ညကရုတ်တရက်ကြီးအဖက်ခံရကာအိပ်နေသောသူမကြောင့်ကျွန်တော်တကယ်အနေရခက်ပါသည်။အထူးသဖြင့်အသားထိရုံတင်မဟုတ်ဘဲ ခွထားသောခြေထောက်ရယ် ရင်ဘက်ပေါ်ပစ်တင်ထားသောလက်ရယ်ကကျွန်တော့်ကိုကြဥ်းကျပ်ကအသက်ရှူရပ်စေနိုင်သည်။ တကယ့်တကယ်က သေးသေးသွယ်သွယ်ခြေထောက်လက်လေးတွေမို့လုံးဝမနာပဲ ပေါ့ပါးနေမည်သာ ဒါပေမယ့်
ကြဥ်းကြပ်တာကစိတ်ပဲဖြစ်ပါသည်။

Differences (Completed)Where stories live. Discover now