Unicode
"မင်းတို့ရဲ့ ရည်းစားလုပ်ပေးနိုင်မလား"
ရုတ်တရက်ကြားလိုက်ရတယ့်စကားကကျွန်တော့ကမ္ဘာကြီးကိုမူးဝေစေနိုင်သည်။ ရိုးရိုးစကားပြောနေရင်းကနေ သူမကရုတ်တရက်ကြီး ကျွန်တော့်ကိုကြည့်ကာထိုသို့ပြောလာလိမ့်မည်ဟုကျွန်တော်မထင်ခဲ့ရိုးအမှန်ပါ။ စိတ်ပိုင်းဖြတ်ပြီးသူလိုသူမကတော့ ကျွန်တော့အဖြေကိုရှက်ရွံ့မှုကင်းစွာ စိတ်ဝင်စားဖွယ်စောင့်မျှော်နေ၏။
ကျွန်တော့်လက်သည်းဖြင့်သူမမမြင်အောင် လက်ကိုဆိတ်လိုက်ပါသည်။ အား နာတယ်ဟ ။ ဒါဆိုဒါဟာကျွန်တော်ကယောင်ကတမ်းမက်တယ့်ညအိပ်မက်မဟုတ်ဘူးပေါ့။ ဒါဆိုဘာလည်း။
"..."
သူမပြောတာစနေတာလားတကယ်လားသိရဖို့ကျွန်တော်အကဲခတ်ကြည့်လိုက်သည်။ သူမကမပြောင်းလဲပါ။
သူမလည်းကြောင်ကာဘာမှမဖြေတယ့်ကျွန်တော့်ကြောင့် ခုမှနည်းနည်းရှက်သွားပုံပါပဲသူမရဲ့နောက်ဆံပင်ကိုနည်းနည်းဖွ၏။
"ဟို တို့လောကြီးသွားလို့ပါ Sorry အဟမ်း တကယ်တော့ဒီလိုပြောရတာနည်းနည်းကြောင်တောင်တောင်နိုင်တယ် တို့အတွက်ကတော့ မင်းနားလည်အောင်ဘယ်လိုရှင်းပြရမလဲ "
"..."
သူမကမျက်ခုံးစပ်နှစ်ခုကိုလက်နဲ့ကုတ်နေပြီး အနေရခက်တယ့်ပုံမှာရှိသည်။
"ကီ မင်းတို့အကြောင်းသိဖို့လိုအပ်တယ် မင်းနားထောင်မယ်မလား"
သူမအမေးကိုကျွန်တော်ခေါင်းညိတ်ပြီးသာသဘောတူလိုက်တယ်။
"တကယ်တော့ တို့ကဘယ်လိုပြောရမလဲ စိတ်နဲ့ပါတ်သတ်တယ့်ဝေဒနာတစ်ခုခံစားနေရတာ တို့ဘယ်သူ့နားမှာမှကြာကြာမနေနိုင်ဘူး။ အဲ့တာတို့အားနည်းချက်ပဲ။ ပြီးတော့တို့မှာ အော်ဂလီဆန်စရာအလက်ဂျစ်ရှိတယ်။ တို့တစ်စုံတစ်ယောက်နဲ့တူတူမအိပ်တတ်ဘူး။ မင်းထင်မှာပေါ့ တို့မင်းကိုငှားရတယ့်အကြောင်းရင်းကို ဟုတ်တယ် တို့စမ်းသပ်မှုတစ်ခုပြုလုပ်လိုက်တာ ။ တို့ဒေါက်တာက စမ်းသပ်ခိုင်းတာလေ ။တို့လည်းမလုပ်ချင်ပါဘူး ဒါမယ့်ဆေးပညာအအရစမ်းသပ်မှုမှာလူနာဖြစ်တယ့်တို့ကပူးပေါင်းသင့်တယ်လေ။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး