"Goodmorning မမ နိုးပြီလား"
မနက်ခင်းနေရောင်ခြည်တချို့ သလင်းကျောက်ပေါ်ကနေဖြတ်ပြီးအခန်းထဲရောင်စုံပျောက်ကွက်လေးတွေလိုဖြာကျနေ၏။ အိပ်ရာပေါ်လက်ထောက်ပြီးသူမကိုကြည့်နေတာ ဘယ်နှမိနစ်လောက်ရှိသွားပြီလည်းမသိပါ။ မျက်ခွံတို့လှုပ်ရှားကာ မပွင့်တပွင့်ဖြစ်နေမှအသံပြုလိုက်သည်။
ကျွန်တော့်အသံကြားလို့ထင် သူမကလုံးဝနိုးသွားကာ ကျွန်တော့်ကိုကြည့်နေ၏။ ကျွန်တော်က ပြုံးပြကာ လက်တို့ကသူမရဲ့နဖူးပေါ်ဝေ့ဝဲကျနေသောဆံစတချို့ကို လက်ညှိုးလက်မသုံးပြီးဖွဖွသပ်တင်ပေးလိုက်သည်။သူမကကျွန်တော့်ကိုပြန်ပြုံးပြပြီး
"Morning ကီ"
ဟုပြန်ဖြေကာ သမ်းဝေလိုက်၏။ ကျွန်တော်လည်း ဘာဖြစ်မှန်းမသိတော့ပဲ ပွင့်ဟနေတယ့်သူမနှုတ်ခမ်းတို့ကိုနမ်းရှိုက်လိုက်ပါ၏။ သူမကတော့ မျက်လုံးတို့ပြူးကာကျွန်တော့ရင်ဘက်ကိုလက်နဲ့တွန်းဖယ်သယောင်ပြု၏။
ဂရုမစိုက်ဟန် အနမ်းတွေကိုမြှင့်တင်ပြီး ဘေးတစောင်းအနေထားမှ သူမအပေါ်အုပ်မိုးကာ နှုတ်ခမ်းပါးတို့ကိုစုပ်ယူနမ်းရှိုက်နေမိသည်။
နူးညံ့ပြီး ပါးလွှတာကြောင့် အားမရဖြစ်ကာ ထပ်ကာထပ်ကာ နမ်းရှိုက်ချင်စိတ်ကသာကြီးစိုးနေ၏။ တကယ်ဆိုသူမရဲ့ ခံတွင်းတွေထဲထိနယ်ချဲ့ချင်ပေမယ့် စစချင်းဆိုတယ့်စိတ်ကြောင့် ထိန်းနေရ၏။ သူမကတော့ ကျွန်တော့်ရင်ဘက်က ပိုးပျော့သား ညဝတ်စုံကိုဆုပ်ကိုင်ကာ မျက်လုံးတို့ပြန်မှိတ်သွားချေပြီ။ ကျွန်တော့်ကိုမတုန့်ပြန်တာကြောင့် သူမတကယ်ဘယ်လိုတုန့်ပြန်ရမလဲမသိတယ့်သူမှန်းသိသွားရတယ်။အတန်ကြာမှ သူမပေါ်အုပ်မိုးထားရင်းကနေ လက်ထောက်ရင်းသူမမျက်နှာလေးကိုစိုက်ကြည့်မိသည်။ အခုမှ အသက်ကိုရှူနေရတာကြောင့် ရင်ဘက်တို့နိမ့်ချီမြင့်ချီဖြစ်နေပြီး အသက်ရှူသံတွေကျယ်လောင်နေတယ့်သူမကပါးလေးတွေကပါရဲနေကာ ဒီပုံက ချစ်စရာကောင်းမှုကိုရောရမ္မက်ကိုနှိုးဆွနိုင်သောsexyဆန်မှု ၂မျိုးလုံးဖြစ်စေသည်။ ကျွန်တော့စိတ်ရိုင်းတွေထဲကသူမပုံထက်ကိုဒီနမ်းရုံလေးနဲ့ရှက်နေသောသူမပုံက ပိုဆာလောင်စေသည်။
YOU ARE READING
Differences (Completed)
Romance"တို့က ဖက်အိပ်ရုံသက်သက်ပဲငှားတာပါ" ဖန်မနီချို "ကျွန်တော်မရပ်နိုင်ဘူး!ပြောပါ ကျွန်တော့်ကိုချစ်တယ်လို့ပြော မပြောမချင်းကျွန်တော်မရပ်ဘူး ကျွန်တော့်တစ်ယောက်ထဲကိုပဲချစ်တယ်လို့ပြောပေးနိုင်မလား" သာကီသွေး