ch44.

10.3K 293 12
                                    

စက္ကရင်ပေါ်မှာမြင်နေရသော ပုံကြောင့် လူကထပ်တုန်လှုပ်သွားရပြန်သည်။ ဒါကောင်လေးမှကောင်လေးစစ်စစ်ပါ။ ဟုတ်သည် ဘေးကလည်း ဟိုမင်းသမီးငယ်လေးပင်ဖြစ်၏။

"ငါဒီနေ့မုန့်သွားစားရင်း တွေ့ခဲ့တာ မျက်နှာကအပြုံးတွေကိုကြည့်လိုက် သေချာတယ် သူတို့တွဲနေကြပြီ "

ဒါဟာ ကိုယ်ကြိုက်သည့်ဆိုင်ပဲဖြစ်၏။ ကောင်လေးကတကယ်ကိုပြုံးရယ်နေကာ ချစ်ခြင်းပါသောအငွေ့သက်တွေနဲ့မျက်ဝန်းတစ်စုံလည်းရှိနေ၏။ ရှေ့ကမင်းသမီးငယ်လေးကတော့ ပြုံးနေကာ ကောင်လေးကိုသာရွှန်းစားစားငေးကြည့်နေတာဖြစ်၏။ တိုက်ဆိုင်တာပဲလားမသိပါ။ ကောင်လေးဝတ်ထားသည့် အပြာရင့်ရောင်ဂျက်ကတ်နဲ့လိုက်ဖက်စွာပဲ မင်းသမီးငယ်လေးက အပြာနုလွင်လွင်ချစ်စရာဂါဝန်လေးကိုဝတ်ထား၏။

ကိုယ်မသိလိုက်ခင်မှာပဲမှတ်ချက်တွေဖတ်ပြီးမျက်ရည်စီးကြောင်းတခုကကျဆင်းသွားပြန်ပြီ။ မဖြစ်ဘူး ဒီနေ့ကောင်လေးကစောစောပြန်လာမယ်လို့ပြောထားတယ်။ ကိုယ်ရဲ့ဒီလိုငိုထားလို့မလှမပဖြစ်နေတယ့်ရုပ်ရည်ကိုကောင်လေးအားမပြသချင်ပါ။ ကိုယ့်ကိုစိတ်ကုန်သွားလိမ့်မယ်။

ကိုယ်ချက်ချင်းပဲကပျာကယာထထိုင်ကာ ဝတ်ထားတယ့် ညဝတ်စုံအနီရောင်အားဆွဲချွတ်လိုက်ပြီး ကောင်လေးကြိုက်သည့် အဝါရောင် ဂါဝန်လေးအားဝတ်ဆင်လိုက်သည်။ မျက်နှာသွားသစ်လိုက်ပြီး မျက်နှာအား လှပအောင်အနည်းငယ်ပြုပြင်လိုက်၏။
ပန်းဖျော့ဖျော့tintလေးအားဆိုးပြီးချိန်၌ကိုယ်ဟာ ကောင်လေးပြန်လာရင်ဘယ်လိုပြုံးပြရမလဲလို့မှန်ထဲအလှဆုံးဖြစ်မယ့်အပြုံးကိုလေ့ကျင့်မိ၏။

ဟောကားသံကြားတယ် ကောင်လေးပြန်လာပြီနဲ့တူတယ်။ ကိုယ်က ဆံပင်ကိုသပ်ရပ်အောင်ဖြီးသင်လိုက်ပြီး ပေါ်တီကိုအောက်ပြေးထွက်ခဲ့၏။ ကိုယ်ပြုံးထားပေမယ့် ကောင်လေးလက်ထဲကိုင်လာတယ့် ပါဆယ်ထုပ်ကိုမြင်တာနဲ့ ခုနကပုံရိပ်ကိုမျက်လုံးထဲမြင်ယောင်လာကာ ချက်ချင်းအပြုံးတို့ပျောက်ကွယ်ရ၏။

"ဟော မမ ဘာဖြစ်သွားတာလဲ ဟင် ဒီမှာ ကျွန်တော်မမအတွက်မမကြိုက်တယ့်ဆိုင်ကနေတကူးတကကိုသွားဝယ်လာတာ ခုတလောမမမစားရတာကြာပြီမလား"

Differences (Completed)Donde viven las historias. Descúbrelo ahora