Chapter - 5

2.6K 553 10
                                    

[UNICODE]

ချူယုဟာ ​ကျောင်း​တွေပြန်မဖွင့်ခင်အထိ အိမ်ထဲက​နေအိမ်ပြင်သို့ ထပ်ပြီး မထွက်​ဖြစ်တော့ဘူး...။

အန်ကယ်ချန်က သူ့ကို ကျင်ချွမ်းလမ်း​ပေါ်က​နေ
ပြန်ခေါ်လာခဲ့သော အချိန်ကစလို့ သူဟာ
မှိုင်​တွေ​နေခဲ့သည်။ သူ့​အ​နေနှင့် ဘီယာကို
ပထမဆုံးအကြိမ်သောက်တာဖြစ်တဲ့အတွက် သူဟာအရမ်းမူးသွားခဲ့တာဖြစ်​သည်။
သို့​သော်လည်း အဖြစ်အပျက်များကို​တော့ဖြင့် သူ့၏စိတ်ထဲတွင် ဇ​ဝေဇဝါဖြစ်လျက် မှတ်မိ​နေ​
သေးသည်။

ပထမဆုံး​တွေ့ဆုံမှုမှာ​တောင်မှ သူ့ဘက်က​နေစပြီး ​ဘေလ်မရှင်းခဲ့လိုက်ရဘူး၊ ပြီး​တော့ ​ဝေ့​ကောင်လိုင်
နှင့်ကျုကျစ်​ဖေကို သူ တကယ် ကျေးဇူးတင်မိသည်။
ထို့​နောက် နှစ်စက္ကန့်​လောက်တုန့်ဆိုင်းလိုက်ပြီး​တဲ့
အခါမှာ​တော့၊ သူကိုယ်တိုင် စိတ်ညစ်သွား​အောင်
လုပ်ခဲ့သော လုရှီးကို သူ့ကိုယ်သူအတွက် ​
ကျေးဇူးတင်မိသည်။

​ဝေ့​​ကောင်လိုင်က သူ့ကို ရယ်​မောစွာ​ပြောလာခဲ့
သည်ကို သူမှတ်မိ​နေ​သေးသည်။ သူသာ
နောက်တစ်ခေါက် အမဲသားကို ထပ်စားဖို့
လာခဲ့လျှင် တစ်စားပွဲထဲအတူထိုင်စားကြမည်ဟု
သူတို့​တွေ ​နောက်ထပ်တစ်ကြိမ် ​ထပ်ပြီး​တော့ တွေ့ဆုံခဲ့မည်ဆိုရင်​ပေါ့......။

ချူယုဟာ ထိုစကားကို သ​ဘောတူခဲ့သည်။
ဒါ​ပေမဲ့ သူ့စိတ်ထဲ​တွေးမိတာက​​တော့ ​နောက်ထပ်တစ်ကြိမ်ဆိုတဲ့အခွင့်အ​ရေးက ရှိနိုင်ပါအုံးမလား....။

သူအဲ့​ဒီလောက်ကြီး လူကဲခတ် မညံ့ပါဘူး၊
လုရှီးဟာ သူ့ကို သ​ဘောမကျဘူးဆိုတာကို
သူသိသည်။

အဲ့ဒီလူရဲ့ အပြုအမူ​တွေက ချူယု အ​ပေါ်ထား
ရှိသည့် သ​ဘောမကျဘူးဆို​သော အမူအရာ​တွေဟာ အရမ်းကို ထင်ရှား​ပေါ်လွင်​စေသည်။ အဲ့လိုဆိုရင်
ဘာ​အတွက်ကြောင့်များသူ ​ရှေ့ဆက်ပြီး လုရှီး
အပေါ် ကို စိတ်အ​နှောက်အယှက်​ပေးရဲဖို့ ခွန်အားရှိပါ့မလဲ???။

အမှန်တစ်ကယ်​တော့ ချူယုဟာလဲ သွား​လေရာ ​
နေရာ၌ အ​တော်အသင့်​တော့ ​ကျော်ကြားပါတယ်။
ဒါ​ပေမဲ့ သူကအဓိကအချက်ကို​တော့ဖြင့် မ​မေ့ပါဘူး၊
သူသွား​လေရာအရပ်၌ လူ​တွေက သူ့ကို မြင်ပြီး
ဘယ်လိုပဲ ချီးကျူကြပါ​စေ သူ့အနားကို ကပ်လာ
လိုက်တာနှင့် ချူမိသားစု၏ဂု​ဏ်သတင်း​ကြောင့်
ဆိုတာကိုပေါ့ ဒါမှမဟုတ် တစ်ခုခု​ပေါ့...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now