Chapter - 56

1.7K 421 26
                                    

[UNICODE]

သူတို့နှစ်ဦးသား လုရှီးအိမ်သို့ ပြန်​ရောက်လာကြ​သောအခါ၊ ချူယုသည် သူ့ကိုယ်သူ အနည်းငယ်​လောက် ညစ်ပတ်​နေသည်ဟု ခံစား​နေရသည်။

ဘယ်​နေရာက​နေပြီး ဘယ်လိုညစ်ပတ်​နေတာလဲဆိုတာကို​တော့ သူလည်း မ​ပြောတတ်​ပေ...။ သူ့ခန္ဓါကိုယ်မှ ညစ်ပတ်​နေမှုက၊ လုရှီးကို အ​နှောင့်အယှက် ဖြစ်သွားမည်၊ စိုးသဖြင့်၊ လုရှီးအနားသို့ မကပ်ပဲ ခပ်ခွာခွာ​လေး ​နေလိုက်၏။

​တော်ကြာ သူ့ခန္ဓါကိုယ်က အနံ့​ဆိုးဆိုး​တွေရ​နေမှဖြင့်၊ လုရှီးက သူ့အ​ပေါ် ရွံရှာသွားရင် ဘယ်လိုလုပ်မလဲ​လေ...။ ထို့​ကြောင့် သူသည် ​ရေချိုးဖို့ရာ ဆုံးဖြတ်လိုက်သည်။

"စကားမစပ် အင်း....၊ ဘာ​ပြောရမလဲဆို​တော့​လေ...၊ ​ရေသွားချိုး​တော့မလို့ လုလုရဲ့"

​ခဏ​လောက်ကြာသည်အထိ လုရှီးက သူ့ကို ကန့်ကွက်စကား၊ မဆိုလာ​သောအခါ၊ ချူယုသည် ယုန်​ပေါက်စ​လေးတစ်​ကောင်ကဲ့သို့ ခုန်​စွ, ခုန်စွ​လေးလုပ်၍ ​ရေချိုးခန်းအတွင်းသို့ ဝင်သွားလိုက်၏။

လုရှီးသည် ​ရေချိုးခန်းတံခါး ပိတ်သွားသည်အထိ၊ မတ်တပ်ရပ် ကြည့်​နေလိုက်ပြီး​နောက်၊ ​ရေချိုးခန်းထဲမှ ​ရေကျသံ ကြားရသောအခါ၊ သူ့အိပ်ခန်းထဲသို့ ဝင်လာခဲ့လိုက်ပြီး၊ ညအိပ်ဝတ်စုံ တစ်ထည်ကို ထုတ်ယူလိုက်ကာ၊ ​ရေချိုးခန်းဘက်သို့ ပြန်ထွက်လာလိုက်ရင်း၊ ​ရေချိုးခန်းတံခါးဝ​ရှေ့၌ မတ်တပ်ရပ်ပြီး တံခါးကို ခပ်ဖွဖွ​လေး ​ခေါက်လိုက်သည်။

ချူယုသည် သူ့ခန္ဓါကိုယ်​ပေါ်သို့ ဆပ်ပြာမြုပ်များ ပလုံစီ​အောင်၊ တိုက်ချွန်​ဆေး​ကြော​နေသည့် အချိန်မှာပင် တံခါး​ခေါက်သံ ခပ်ဖွဖွ​လေးကို ကြားလိုက်ရ​သောအခါ၊ ​​ခေါင်း​လေးကို ​စောင်းငဲ့၍ တံခါးဝ ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

ထို့​နောက် သူသည် ဂရုတစ်စိုက်ဖြင့် ​ခြေလှမ်းကို နှစ်လှမ်းမျှ တံခါးရှိရာဘက်သို့၊ လှမ်းလိုက်ကာ လုရှီးကို ​မေးလိုက်သည်။

"လုလု...၊ လုလု​ကော ​ရေအတူတူ ချိုးမလို့လားဟင်?"

​မေးပြီးလိုက်ကာမှ၊ ချူယုသည် သူ​မေးလိုက်သည့် စကားက လန့်​လောက်စရာ​ကောင်းသည်ကို ​တွေးမိလိုက်ပြီး၊ မျက်ဖြူလန်ချင်သွား၏။

Bite Your Fingertips [Myanmar Translation]Onde histórias criam vida. Descubra agora