Chapter - 18

2.1K 553 20
                                    

[UNICODE]

လော်ကျားရှန်သည် ဘတ်စကက်ဘောလုံးအား ခြေထောက်နှစ်ဖက်ကြား ညှပ်ထားရင်းဖြင့်ပင် ဘေးပတ်ဝန်းကျင်သို့ တစ်ချက်မျှ အကဲခတ်ကြည့်လိုက်ပြီး ကျုကျစ်ဖေအား ပွစိပွစိ ဖြင့်စတင်ပြီး စကားပြောလိုက်သည်။

"လုရှီ... အဲ့ကောင်က ဘာတွေဖြစ်နေတာလဲ...?၊ လှေကားနားမှာ ရေဗူးတွေ အများကြီးရှိရဲ့သားနဲ့၊ အဲ့နားကရေဗူး မသောက်ပဲ...၊ ဘာကိစ္စ ကျောင်းရဲ့ပန်းပွင့်လေးဆီက ရေဗူးကိုမှ ယူပြီး သွားသောက်နေမှန်း စဥ်းစားလို့ကိုမရဘူး..."

သူစကားပြောနေတုန်းတန်းလန်းပင် နေအပူရှိန်သည် ယခင်ကအချိန်ထက် ပို၍ပူပြင်းလာသောကြောင့် သူ၏ အနီရောင် အားကစားအင်္ကျီ၏ အောက်အနားစကို ယူလိုက်ပြီး နဖူးပေါ်တွင် စီးကျလာသော ချွေးများကို သုပ်လိုက်၏။

ကျုကျစ်ဖေသည် ပင့်သက်ရှိုက်လိုက်ပြီး ခါးတွင် လက်ထောက်ကာ ပြောလိုက်သည်။

"ဖြစ်နိုင်တာကတော့ကွာ လှေကားနားမှာထားတဲ့ ရေဗူးတွေက ပူနေလို့ပဲ ဖြစ်လိမ့်မယ်...၊ လုကောက ရေပူပူကြီးတွေ သောက်ရတာ မကြိုက်ဘူး၊ ကျောင်းရဲ့ပန်းပွင့်လေးဆီမှာ ရှိတဲ့ ရေဗူးက အေးနေလို့ ဖြစ်ပါလိမ့်မယ်..."

"အင်း....၊ မင်း ပြောတာ ဖြစ်နိုင်လောက်တယ်"

လော်ကျားရှန်၏ အရပ်သည် 1.88m ရှည်ပြီး၊ အရပ်နှင့် လိုက်အောင် ကျန်းမာသန်စွမ်းသော ခန္ဓါကိုယ် ကိုပိုင်ဆိုင်ထားသော်လည်း စကားပြောရာတွင်တော့ မဆိုစလောက်လေး အာကျယ် အာကျယ် နိုင်၏။ ထိုအကြောင်းကို သူကိုယ်တိုင်လည်း သိသဖြင့် လေသံကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ကျုကျစ်ဖေအား ပြောနေရသည်။

"သွားကြစို့"

ကျုကျစ်ဖေသည် အံ့သြသွားခဲ့ရ၏။

"အကိုမုန့်... ဒီနေ့ ဘာဖြစ်နေရတာလဲ?၊ ဘာလို့ အစောကြီး ပြန်ချင်နေတာလဲ?"

လော်ကျားရှန်သည် သူ၏နဖူးပေါ်တွင် စီးကျလာသော ချွေးများကို နောက်ထပ်တစ်ဖန် ထပ်ပြီး သုပ်လိုက်ရင်းဖြင့် ပြောလိုက်သည်။

"မင်း ငါတို့ အခန်းထဲက မိန်းကလေးတွေ ပြောနေကြတာ မကြားဖူးလား...?၊ ကျောင်းရဲ့ပန်းပွင်လေး မျက်နှာက နေ့တိုင်း နှင်းရည် နှင်းစက်ကလေးတွေ သောက်ထားတဲ့ အတိုင်းပဲ နုဖတ်နေတာတဲ့...၊ ငါကြောက်တယ်ကွ...၊ တော်ကြာ ငါကန်လိုက်တဲ့ ဘောလုံးက မတော်တဆ ကျောင်းပန်းပွင့်လေးရဲ့ မျက်နှာကို သွားမှန်နေမှဖြင့်...၊ ငါအလကားနေရင်း တစ်ကျောင်းလုံးဆီက မိန်းကလေးတွေရဲ့ အမုန်းကို မခံချင်ဘူး..."

Bite Your Fingertips [Myanmar Translation]Where stories live. Discover now