Chapter - 63

1.8K 378 28
                                    

[UNICODE]

ဆရာယဲ့၏ အတန်းချိန်ပြီးဆုံးသွား​သောအခါ ချူယုတို့ အုပ်စုလိုက်ကြီးသည်၊ ကန်တင်းသို့ ည​နေစာ,စားရန် ထွက်လာလိုက်ကြ၏။ ဆိုင်အတွင်းသို့ ဝင်ထိုင်လိုက်သည်ဆိုရင်ပဲ၊ ဆိုင်အတွင်းမှ ဝန်ထမ်းများသည် ကြက်သားစွပ်ပြုတ် ဟင်းရည်ကို တစ်​ယောက်တစ်ခွက်နှုန်းဖြင့်၊ မ​သောက်မ​နေရ ချ​ပေးလာခဲ့သည်။ အစ်ကိုမုန်သည် ကြက်စွပ်ပြုတ် ပန်းကန်ကို ​ဘေးသို့ တွန်းထုတ်လိုက်ပြီး...။

"​တောက်...!၊ ​ကျောင်းကလည်းကွာ ဘာစည်းကမ်းကြီး ထပ်ထုတ်တယ် မသိဘူး...၊ မဖြစ်မ​နေ ကြက်စွပ်ပြုတ်​သောက်ရမယ်ဆိုတဲ့ စည်းကမ်းကြီးက​တော့ မဟုတ်​သေးပါဘူး၊ ဒီတစ်ရက် နှစ်ရက်အတွင်း ဒီကြက်စွပ်ပြုတ်ကြီးပဲ ​သောက်​နေရလို့ ငြီး​ငွေ့​နေပြီ..."

​အစ်ကိုမုန်၏ စကားကို ​ထောက်ခံသည့်အ​နေဖြင့်၊ ကျန်းယဲ့ရှန်သည် ​ခေါင်းကို တစ်ချက်ငြိမ့်လိုက်ရင်း...။

"အတူတူပဲ ငါလဲ ကြက်စွပ်ပြုတ်ကို ငြီး​ငွေ့​နေပြီ...၊ ဒီစည်ကမ်းချက်ကို မကြာခင် ဖျက်သိမ်းပါ​စေလို့ ဆု​တောင်းမိတယ်"

ထိုအချိန်မှာပဲ ​ဘေးနားတွင် Menu စာအုပ်ကို ​အေး​အေး​ဆေး​ဆေး၊ ဟိုလှန် ဒီလှန်,လှန်ကြည့်​နေ​သော လီဟွားသည် ​ခေါင်း​ကို ​စောင်းငဲ့၍ အစ်ကိုမုန်တို့ဘက်သို့ လှည့်ကြည့်လာရင်း...။

"မင်းတို့မသိကြ​သေးဘူးလား၊ ငါတို့​ကျောင်းနဲ့ 4 လမ်း, ​​လောက်ပဲ ခြားတဲ့ကျောင်းက​​၊ ​ကျောင်းသူတစ်​ယောက် စာအကြည့်လွန်လို့ အားနည်းပြီး ​ဆုံးသွားတာတဲ့ကွ၊ ဒါ​ကြောင့်မို့ ငါတို့​ကျောင်းက ဆရာ​တွေက...၊  ​ကျောင်သား ​ကျောင်းသူ​တွေ အားရှိ​စေဖို့အတွက် ဆိုပြီး၊ မဖြစ်အ​နေ ကြက်စွပ်ပြုတ် ​သောက်ရမဲ့ စည်းကမ်းကို ထုတ်လိုက်တာပဲ...၊ ငါတို့ ​ကျောင်းကမှ ​တော်​သေးတယ်...၊ 4 လမ်း​ကျော်​မြောက်က ​ကျောင်းဆိုရင် ကိုယ်ခံအား ​ကောင်း​စေဖို့အတွက်ဆိုပြီး၊ မနက်ခင်း အ​စောကြီး မဖြစ်မ​နေထ​ပြေးရတာတဲ့​နော်.."

ကိုယ်ခံအားဆို​သော စကားကို ကြားရုံမျှဖြင့်၊ အစ်ကိုမုန်သည် စားပွဲခုံကို ဗျန်းကနည်းမြည်​အောင် ရိုက်လိုက်ပြီး​နောက်...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now