Chapter - 14

2.3K 533 13
                                    

[UNICODE]

နောက်တစ်​နေ့ မနက်ခင်းတွင် နေ​ရောင်ခြည် ​နွေး​နွေး​ကလေးများသည် ပြတင်း​ပေါင်မှ တစ်ဆင့် အခန်းအတွင်းသို့ ဖျာကျလာ​သော​ကြောင့် ချူယုသည် မျက်လုံးများကို မဖွင့်ချင်ပဲ ဖွင့်လိုက်​ရတော့သည်။

သူသည် မ​နေ့ညတုန်းက ဘာအိမ်မက်မှ ထပ်မမက် လာပေ...၊ ​တစ်ချို့​​သော အ​ကြောင်း အရာ​တွေ​ကြောင့် နောက်ထပ်လည်း ထပ်မက်​တော့မည် မထင်...။

သူသည် ​မွှေးပွ​​စောင်ကို လက်ဖြင့် ကိုင်ထားလျက်ကပင် ​နောက်ထပ်တစ်ကြိမ် မျက်လုံး​လေး မှိတ်ပြီး မှိန်း​နေလိုက်ပြန်သည်။ ထို့​နောက်သူသည် လက်ကို ​ဘေးတစ်ဖက်သို့ ဆန့်ပြီး အ​ကျောဆန့်လိုက်ရာ ​ဘေးနားရှိ အုတ်နံရံ​ပေါ်သို့ သူ၏ လက်တစ်ဖက်ဖြင့် အရှိန်ပြင်းစွာ ရိုက်မိသွား​တော့သည်။

"ချီးတဲ့မှပဲ ​တော်​တော် နာတာပဲဟ!"

"အာ... ရိုရို"

သူသည် အသံထွက် ညည်းညူလိုက်ပြီး​နောက် ပင့်သင်တစ်ချက် ရှိူက်လိုက်ရင်းဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးခါ နီရဲသွား​သော လက်အား ငုံ့ကြည့်လိုက်သည်။

'ဘာကိစ္စ ငါ့မှာ အစွမ်း​တွေ မရှိပဲ​မွေးဖွားလာရတာပါလိမ့် အမှန်တစ်ကယ်ဆို သံလိုမျိုး မာ​ကြောတဲ့ အသားအ​​ရေ ၊ သတ္တုလိုမျိုး ခိုင်ခန့်တဲ့ အရိုးလိုမျိုးနဲ့အတူ ​မွေးဖွား လာသင့်တာ'

အစား​​ကောင်း​ကောင်း စားဖို့​တော့လို​နေပြီ။

​​မွှေးပွ​စောင် အတွင်းမှ ထွက်လာ​သောအခါ သူ့စိတ်အ​ခြေအ​နေသည် အရမ်း​ကို ကောင်းမွန်​လို့ နေသည်။

သူသည် အိပ်ယာ​ပေါ်မှ မထခင် ကုတင်​ပေါ်သို့ နှစ်ချက်​လောက် လှိမ့်လိုက်ပြီးခါမှ မျက်နှာသစ်ဖို့ရာအတွက် ကုတင်​ပေါ်မှ ခုန်ပြီးထလိုက်သည်။

မျက်နှာ သစ်​နေရင်းဖြင့် မှန်ကြည့်လိုက်​သောအခါ သူ့​ရှေ့ဆံပင်​လေးများသည် နဖူး​ပေါ်သို့ အနည်းငယ် ရှုတ်​ပွစွာ ကျ​နေ​ပေသည်။ ချူယုသည် ညာဘက်လက်ဖြင့် သွားပွတ်တံကို ကိုင်ထားလျက်ကပင် ဘယ်ဘက်လက်ဖြင့် ထိုရှုတ်ပွ​နေ​သော ဆံပင်များကို အနည်းငယ် သပ်ရပ်သွား ပြုပြင်လိုက်သည်။ အ​တွေးအချို့ကို ​တွေးလျက်ကပင် သွားများတိုက်ပြီး​သောအခါ ​ရေနှစ်ခွက်​လောက်ခပ်ပြီး ပလုတ်ကျင်းလိုက်ရင်း သွားတိုက်တံကို ​နေရာတစ်ကျ ပြန်ထားလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now